ရှေ့သို့
Image

နွေရာသီမှာ လာပေါ်တေးကို ထွက်ခွာခွင့်ပြုသွားရန် အသင့်ဖြစ်နေတဲ့ မန်စီးတီး

3:21 PM, 18 April

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၃နှစ်ဆက် ချန်ပီယံဖြစ်ခွင့်ရရေးအတွက် အပြင်းအထန် ကြိုးစားအားထုတ်ကာ အမှတ်ပေးဇယားထိပ်နေရာမှ အာဆင်နယ်အသင်းကို ဆက်တိုက်ဖိအားပေးထားနိုင်တဲ့ မန်စီးတီးအသင်းက အဓိက အားကိုးအားထားပြုနေရတဲ့ ဗဟိုနောက်တန်းကစားသမား အေမီရစ်လာပေါ်တေးရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာချိန်မှာ ထုတ်ရောင်းရန်အသင့်ပြင်နေတာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ဆွတ်ခူးရယူထားနိုင်ခဲ့တဲ့ နည်းပြ ပက်ဂွာဒီယိုလာအနေဖြင့် အီတီဟတ်ကလပ်မှာ မပျော်မရွှင်ဖြစ်နေတဲ့ ကစားသမားတွေကို ထုတ်ရောင်းချသွားရန် အာရုံစိုက်နေတာလည်း ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာက မန်စီးတီးအသင်းတွင် အဓိကအားထားရတဲ့ ကစားသမား အချို့ဖြစ်တဲ့ ဂျီးဆပ်၊ ဇင်ချန်ကို၊ စတာလင်တို့ကိုလည်း ပြီးခဲ့တဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလ အတွင်းမှာ ရောင်းချထားခဲ့သလို လေ့ကျင့်ရေးကွင်း အတွင်း ထိန်းချူပ်ရခက်ခဲလာတဲ့ ပေါ်တူဂီကြယ်ပွင့် ကန်ဆယ်လိုကိုပါ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဂျာမန်ကလပ်တွင် အငှားချထားခဲ့တာ ဖြစ်ပါတယ်။

လာပေါ်တေးအနေဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီများတွင် မန်စီးတီးအသင်းရဲ့ အဓိကနောက်တန်းကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားပေးခွင့်ရခဲ့ပေမဲ့ မန်စီးတီးအသင်းက ဒေါ့မွန်အသင်းကနေ အေကန်ဂျီကို ခေါ်ယူခဲ့အပြီးမှာ ပုံမှန်ပွဲထွက်ခွင့် လျော့နည်းကာ အရန်ခုံတွင်သာ အချိန်ကုန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ချန်ပီယံဆုံအတွက် အားစိုက်နေသလို ရှေ့လာမယ့် ပွဲစဉ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူုးနစ်အသင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ 

#မန်စီးတီး #လာပေါ်တီ #ပရီးမီးယားလိဂ်