ရှေ့သို့
Image

Forbes ရဲ့ ၂၀၂၃ အချမ်းသာဆုံး လူစာရင်းမှာ မက်ဆီနဲ့ အမ်ဘာပေတို့ကို ရော်နယ်ဒို ကျော်ဖြတ်

10:25 AM, 4 May

အယ်လ်နာဆာအသင်းမှာ မြင့်မားတဲ့လစာအနေအထားရခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ပီအက်စ်ဂျီစတား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ မက်ပီတို့ကို ကျော်ဖြတ်ပြီး အချမ်းသာဆုံး ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ကနေ အယ်လ်နာဆာအသင်းထံပြောင်းခဲ့ပြီးနောက် ရော်နယ်ဒိုဟာ တစ်နှစ်လုပ်ခဒေါ်လာ ၇၅ သန်းရရှိနေပြီး Forbes ကဖော်ပြချက်နဲ့အတူ ဒေါ်လာ ၁၃၆ သန်းအအထိ ရရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လူမှုမီဒီယာကနေ ရရှိတဲ့ဝင်ငွေတွေပါပေါင်းရင် ပေါင်သန်း ၂၀၀ လောက်အထိ ရှိနေပါတယ်။ ပီအက်စ်ဂျီစတား မက်ဆီက အားလုံးပေါင်း ဒေါ်လာသန်း ၁၃၀ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဘာပေကတော့ ဒေါ်လာသန်း ၁၂၀ နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အဲ့နောက် လော့စ်အိန်ဂျလိစ်စတား လီဘရွန်ဂျိမ်းက ဒေါ်လာ ၁၁၉.၅ သန်း ၊ မက္ကဆီကိုလက်ဝှေ့သမား အယ်လ်ဗာရက်ဇက်က ဒေါ်လာ ၁၁၀ သန်းနဲ့ အဆင့် ၅ နေရာမှာ ပါဝင်လာခဲ့ပါတယ်။

PGA Tour ထိပ်တန်းကစားသမားတွေထဲကတော့ ၂ ဦး ပါဝင်လာခဲ့ပြီး ဒက်စ်တင်ဂျွန်ဆင်က ဒေါ်လာ ၁၀၇ သန်း နဲ့ နောက်ထပ် ဂေါက်သမားတစ်ဦးဖြစ်တဲ့ မစ်ကဲလ်ဆင်က ဒေါ်လာ ၁၀၆ သန်းနဲ့ ထိပ်တန်း ၁၀ ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ Forbes ကတော့ ကစားသမားတစ်ဦးချင်းရဲ့ဆုတံဆိပ်ဝင်ငွေ၊ လစာ ၊ ပြီးခဲ့တဲ့ ၁၂လက ဘောနပ်စ်ရရှိမှုနဲ့ စပွန်ဆာ၊ ပွဲထွက်ခွင့်ငွေ၊ လိုင်စင်ဝင်ငွေနဲ့ ပြန်လည်ရရှိငွေတွေပေါ်မူတည်ပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။

#ရော်နယ်ဒို #မက်ဆီ #မက်ပီ