ရှေ့သို့
Image

လာမယ့်နွေရာသီမှာ ဘာစီလိုနာမှ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကွန်ဒီလာမယ့်နွေရာသီမှာ ဘာစီလိုနာမှ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကွန်ဒီ

11:11 AM, 24 May

၂၀၂၂-၂၀၂၃ ဘောလုံးရာသီတလျှောက်လုံး ဘာစီလိုနာအသင်းမှာ ညာနောက်ခံလူအဖြစ် ဖြတ်သန်းခဲ့ရတဲ့ ကွန်ဒီက လာမယ့်နွေရာသီမှာ အသင်းမှထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ဆီဗီလာမှ ဘာစီလိုနာဆီ ရောက်ရှိလာတဲ့ အသက်-၂၄ နှစ်အရွယ် ကစားသမားက အခုဘောလုံးရာသီအတွင်း နူးကမ့်ကလပ်ရဲ့ အဓိက ကစားသမားအဖြစ် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပေးထားပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်ကစားသမားက ပုံမှန်ပွဲထွက်နေရာဖြစ်တဲ့ ဗဟိုခံစစ်ထက် ညာနောက်ခံလူနေရာမှာသာ ပွဲထွက်ကစားနေရပါတယ်။

Football Espana သတင်းဌာနရဲ့အဆိုအရ ကွန်ဒီက ဘာစီလိုနာ ကစားသမားဘဝအနာဂတ်အတွက် ညှိနှိုင်းမှုတစ်ခုပြုလုပ်ဖို့ ဆန္ဒရှိနေသလို အသင်းပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း နည်းပြဇာဗီဆီ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဗဟိုခံစစ်မှူးကို ဆုံးရှုံးရမယ်ဆိုရင် ကတ္တလန်ဒေသခံကလပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာဖို့ ရှိနေပြီး သူ့ကို အနာဂတ်မှာ အသင်းခံစစ်ပိုင်းအတွက် အားထားရမယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပေမယ့် လက်ရှိမှာတော့ သူ့အပေါ် အာရုံပြန်ရောက်လာဖို့ မလွယ်ကူပါဘူး။ အနောက်လန်ဒန်ကလပ်ရဲ့ နွေရာသီဦးစားပေးပစ်မှတ်ကတော့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးရရှိရေးပဲ ဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရ ကွန်ဒီက တူချယ် လက်အောက် ကစားလိုတဲ့နေရာမှာ ကစားခွင့်မရရှိမှာကို စိုးရိမ်တာကြောင့် ချဲလ်ဆီးကို ငြင်းပယ်ပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အပြောင်းအရွှေ့ဆိုင်ရာပူပန်မှုတွေ ရှိနေပေမယ့် ဇာဗီရဲ့အသင်းကတော့ လက်ရှိဘောလုံးရာသီကုန်ဆုံးဖို့ ပွဲစဉ်လေးခုကျန်ရှိနေစဉ်မှာပဲ စပိန်လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကွန်ဒီ