ရှေ့သို့
Image

လီဗာပူးပစ်မှတ် ကွန်ဒီအတွက် ပေါင် ၅၂ သန်းလောက်အလိုရှိနေတဲ့ ဘာစီလိုနာ

10:28 AM, 30 May

သတင်းတွေအရ လီဗာပူးအသင်းဟာ ဘာစီလိုနာ နောက်ခံလူ ကွန်ဒီကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကလော့ပ်ကတော့ အသက် ၂၄ နှစ်သားကို အန်ဖီးလ်ထံ ခေါ်ယူချင်နေပြီး အသင်းနောက်တန်းကို အားဖြည့်ချင်နေပါတယ်။

ကွန်ဒီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပေါင် ၄၆ သန်းနဲ့ ဆီဗီလာကနေ ဘာစီလိုနာအသင်းထံ ပြောင်းခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၈ ပွဲအထိ ပါဝင်ကစားထားခဲ့ကာ လာလီဂါချန်ပီယံဖြစ်ထားပါတယ်။ ဒါပေမယ့် ကွန်ဒီဟာ ညာနောက်ခံလူထက် ခံစစ်နေရာမှာသာ ကစားခွင့်ရနေတာကြောင့် စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာချင်နေပါတယ်။

ဘာစီလိုနာဘက်ကတော့ သူတို့စတားအတွက် ပေါင် ၅၂ သန်းလောက်အလိုရှိနေကာ အဆိုပါတန်ကြေးထက်လျော့နည်းရင် ရောင်းချဖွယ်မရှိတာဖြစ်ပါတယ်။ ကွန်ဒီဟာ ပထမဆုံးရာသီမှာပဲ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပြီး လာပေါ်တာက သူအားသန်တဲ့ နေရာမှာ ကစားခွင့်ပေးဖို့ အာမခံချက်မရှိတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့်လည်း ကွန်ဒီက အသင်းအတွက် ကစားပေးချင်နေပါတယ်။ ကလော့ပ်ဟာ ဒီနွေမှာ ကွင်းလယ်ပိုင်းအားဖြည့်ဖို့ အဓိကထားပေမယ့် ဂျာမန်သားက နေရာစုံကို အားဖြည့်မယ်ဆိုတာကို မငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

မာတစ်နဲ့ ဂိုမက်ဇ်တို့ ရှိနေပေမယ့် ဗန်ဒိုက်နဲ့ ကိုနာတေးတို့က ဒဏ်ရာ ရရှိနေတာကြောင့် အသင်းနောက်တန်းက အားနည်းနေတာဖြစ်ပါတယ်။ ညာနောက်ခံလူနေရာမှာ အာနိုးလ်သာရှိနေတာကြောင့် ကွန်ဒီရောက်လာတာက အင်အားတောင့်တင်းစေမှာဖြစ်ပါတယ်။

ကွန်ဒီဟာ ပြင်သစ်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားခဲ့သလို ပြီးခဲ့တဲ့နှစ်ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ပါတယ်။

#လီဗာပူး #ဘာစီလိုနာ #အပြောင်းအရွှေ့ #ကွန်ဒီ