ရှေ့သို့
Image

ယူရိုပါလိဂ် ဖိုင်နယ်မတိုင်ခင် သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်တဲ့ မော်ရင်ဟို

12:48 PM, 31 May

ပေါ်တူဂီနိုင်ငံသားနည်းပြ မော်ရင်ဟိုနဲ့ ရိုးမားတို့ကြားက ဇာတ်လမ်းက လက်ရှိရာသီ ကုန်ဆုံးချိန်မှာ အတိတ်မှာ ကျန်ခဲ့တာဖြစ်နိုင်သလို ပေါ်တူဂီသားဟာ ဒီတစ်ပတ်ကုန်မှာ အီတလီကလပ်ကနေ နှုတ်ထွက်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

ယူရိုပါလိဂ် ဖိုင်နယ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက အခြားကလပ်အသင်းတွေ (အထူးသဖြင့် အင်တာမီလန်နဲ့ ရီးယဲလ်မက်ဒရစ်) မှာ နည်းပြအဖြစ် သူ့ရဲ့အတိတ်ကအချိန်တွေကို ကိုးကားပြီး စတေဒီယိုအိုလံပီကိုရှိ သူ့ရဲ့အချိန်တွေက မကြာခင်ကုန်ဆုံးတော့မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အနာဂတ်နှင့် ပတ်သက်၍ မေးမြန်းသောအခါ စပါယ်ရှယ်မဝမ်းက ဆီဗီလာကို အနိုင်ရရှိကာ ချန်ပီယံဆုဖလားရယူရန် အပြည့်အဝအာရုံစိုက်ထားသော်လည်း  အနာဂတ်အတွက် ကိစ္စတွေကိုတော့ သူရဲ့အသင်းခေါင်းဆောင်၂ ဦးနှင့် စကားပြောထားပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော်ရဲ့ ကပ္ပတိန် နှစ်ယောက်ဖြစ်တဲ့ ပယ်လီဂရီနီ၊ မန်ချီနီတို့နဲ့ စကားပြောပြီးပြီဖြစ်ကာ သူတို့တွေက အလားတူမေးခွန်းမျိုးပေးခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ ဘာတွေပြောခဲ့သလဲဆိုတာကို သူတို့ကိုမပြောခဲ့ပါဘူး။ ဒါက သီးသန့်ကိစ္စဖြစ်ပါတယ်။ အင်တာမှာဖြစ်ခဲ့တာနဲ့ အခုဖြစ်တာတွေက ကြီးမားတဲ့ကွာခြားမှုတွေရှိပါတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

အင်တာမီလန်နည်းပြဟောင်းက နာရာဇူရီမှာရှိခဲ့တဲ့ သူ့ရဲ့အချိန်တွေအကြောင်း ပြောဆိုခဲ့ပြီး ရီးရဲ့လ်မက်ဒရစ်နှင့် စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စအတွက် ငြင်းဆိုခဲ့ပုံကို ပြောခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်က ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ် ချုပ်ဆိုထားတာမဟုတ်ပေမယ့် ကျွန်တော်တို့မှာ သဘောတူညီချက်ရှိပါတယ်။ ဒီကိစ္စမှာ ကျွန်တော့်ရဲ့အခြေအနေက လုံးဝကွဲပြားခြားနားပါတယ်၊ တခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမှု မရှိသေးပေမယ့် ကျွန်တော် ဘာလုပ်ချင်လဲဆိုတာကို အသင်းက သိပါတယ်။ လောလောဆယ်တော့ ကျွန်တော် အဲဒါကို မပြောချင်ပါဘူး၊ အဲဒါက ကျွန်တော်တို့နဲ့ ရိုးမားပဲဖြစ်ပါတယ်။ မနက်ဖြန်ပွဲကို ကျွန်တော်တို့ ကစားချင်ပါတယ်"လို့ မော်ရင်ဟိုက ပြောကြားခဲ့သည်။

အသက် ၆၀ အရွယ် နည်းပြဟာ ပီအက်စ်ဂျီက ဂယ်လ်တီယာရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့ နည်းပြအဖြစ်ရှိနေပေမယ့် အီတလီကလပ်နဲ့ စာချုပ်သက်တမ်းက ကျန်ရှိနေပါသေးတယ်။ ဆီဗီလာကို အနိုင်ရပါက ရိုးမားမှကနေထွက်ကာ အခြားနည်းပြအခွင့်အလမ်းများကို ရှာဖွေရန် တွန်းပို့နိုင်သလိုဖြစ်သော်လည်း ဆုံးရှုံးမှုတစ်ခုကတော့ ဥရောပမှာအောင်မြင်ဖို့ နောက်ထပ်ကြိုးစားမှုတစ်ခုအတွက် ပြန်သွားနိုင်ပါတယ်။

#ရိုးမား #မော်ရင်ဟို #ယူရိုပါလိဂ်