ရှေ့သို့
Image

ဒဏ်ရာကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်ရမယ့် ရှယ်မမာတဲ့ မာရှယ်

1:00 PM, 31 May

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အို့ထရက်ဖို့စ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်တွင် ယူနိုက်တက်အသင်းက၂ဂိုး - ၁ဂိုးဖြင့် အနိုင်ကစားပြီး အဆင့် ၃နေရာ သေချာစေခဲ့ပေမဲ့ တိုက်စစ်ပိုင်းမှာ အားထားနေရတဲ့ အန်တိုနီမာရှယ်က ဒဏ်ရာ ရခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်ရမှာပဲ ဖြစ်ပါတယ်။

အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယူနိုက်တ်ကအသင်းက ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်မရခဲ့ပေမဲ့ လူစားဝင်ရောက် ကစားချိန်တွင် မကြာခဏဒဏ်ရာ ရနေတတ်တဲ့ မာရှယ်အနေဖြင့်  တံကောက်ကြောကြွက်သားဒဏ်ရာ ရခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အတိုးအလှုပ်တွေဖြင့် ကစားတတ်တဲ့ အန်တိုနီမာရှယ်ရဲ့ဒဏ်ရာ အခြေအနေက အသေးစိတ်မသိရသေးဘဲ ရှေ့လာမယ့် ဇွန်လ ၃ရက်နေ့တွင် မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်အဖြစ် ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို လွဲချော်သွားနိုင်ခြေ များနေတာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ဆီဗီလာအသင်းကနေ အငှားသွားရောက်ကစားရာမှ ပြန်လည်ရောက်လာခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမားကို ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မျှားဦးမှာ အဓိက အသုံးပြုနေခဲ့တာဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ အန်တိုနီမာရှယ်ရဲ့ နေရာအတွက် အခြားကစားသမားတစ်ဦးကို အစားထိုးအသုံးပြုသွားရနိုင်တာလည်း ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းအချို့ပြသထားနိုင်တဲ့ အန်တိုနီမာရှယ်အနေဖြင့် ယခုနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၉ပွဲ ပါဝင်ကစားပေးထားကာ သွင်းဂိုး ၉ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်အဖြစ် ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်တွင် လွဲချော်သွားရနိုင်တာကြောင့် အကယ်ဒမီကစားသမားတစ်ဦးဖြစ်တဲ့ ဂါနာချိုက ဂျေဒန်ဆန်ချိုနဲ့အတူ တိုက်စစ် တောင်ပံတွေတွင် တစ်ယောက်တစ်ဖက် အနေအထားအဖြင့် ပွဲထွက်ခွင့်ရနိုင်ခြေများနေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #အက်ဖ်အေဖလား #ဖူလ်ဟမ်