ရှေ့သို့
Image

ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်မှ ဆီဗီလာ - ရိုးမား ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

1:20 PM, 31 May

ဆီဗီလာ ဒဏ်ရာရလူစာရင်း - မာကာအို၊ (သေချာပေါက်လွဲ)၊ အကူနာ(ပွဲပယ်)
ရိုးမား - ကားစ်ဒရော့၊ ကမ်ဘူလာ(သေချာပေါက်လွဲ)

ခန့်မှန်းချက်
======
နှစ်သင်းစလုံးက ဆီမီးဖိုင်နယ်နိုင်ပွဲအပြီး ရှုံးပွဲတွေ့ထားကာ ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင် ဆီဗီလာက ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့ပြီး ရိုးမားက ဖီအိုရင်တီးနားကို ရှုံးခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ ၂၀၀၆ခုနှစ်နောက်ပိုင်း ယူရိုပါလိဂ် ဗိုလ်လုပွဲကို ၆ကြိမ်တက်ခဲ့ရာမှာ ၆ကြိမ်စလုံး ဗိုလ်စွဲထားခဲ့ပါတယ်။

ရိုးမားကလည်း ကွန်းဖရန့်လိဂ်မှာ ဗိုလ်စွဲခဲ့ပြီးနောက် ယခုနှစ်မှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် ယုံကြည်မှုပြည့်ဝနေမှာ သေချာပါတယ်။ ရိုးမားဟာ နောက်ဆုံး ၉ပွဲမှာ တစ်ပွဲသာနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဘက်ကို အာရုံစိုက်ထားတယ်ဆိုတာ သေချာပါတယ်။ နှစ်သင်းလုံးထိန်းကန်မယ်ဆိုပေမယ့် တစ်ဖက်တစ်ဂိုးစီလောက် သွင်းနိုင်တဲ့ အခြေအနေမှာ အနည်းဆုံး ၁-၁က စနိုင်လို့ ဂိုးပေါ်ကို ကြိုက်ပါတယ်။

ဆီဗီလာ - ရိုးမား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်
----------------------------------------------------------
ရိုးမား ၀ - ၀ ဆီဗီလာ (၃၁-ဇူလိုင်-၂၀၂၁)
ဆီဗီလာ ၂ - ၀ ရိုးမား (၆-သြဂုတ်-၂၀၂၀)
ဆီဗီလာ ၂ - ၁ ရိုးမား (၁၁-သြဂုတ်-၂၀၁၇)
.
ဆီဗီလာ နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဆီဗီလာ ၁ - ၂ ရီးရဲလ်မက်ဒရစ် (၂၇-မေ-၂၀၂၃)
အယ်လ်ချီ ၁ - ၁ ဆီဗီလာ (၂၅-မေ-၂၀၂၃)
ဆီဗီလာ ၀ - ၀ ဘက်တစ် (၂၂-မေ-၂၀၂၃)
ဆီဗီလာ ၂ - ၁ ဂျူဗင်တပ်စ် (၁၉-မေ-၂၀၂၃)
ဗယ်လာဒိုးလစ် ၀ - ၃ ဆီဗီလာ (၁၄-မေ-၂၀၂၃)
.
ရိုးမား နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ဖီအိုရင်တီးနား ၂ - ၁ ရိုးမား (၂၇-မေ-၂၀၂၃)
ရိုးမား ၂ - ၂ ဆလာနီတာနာ (၂၂-မေ-၂၀၂၃)
လေဗာကူဆင် ၀ - ၀ ရိုးမား (၁၉-မေ-၂၀၂၃)
ဘိုလော့ဂ်နာ ၀ - ၀ ရိုးမား (၁၄-မေ-၂၀၂၃)
ရိုးမား ၁ - ၀ လေဗာကူဆင် (၁၂-မေ-၂၀၂၃)

#ရိုးမား #ဆီဗီလာ #ပွဲကြိုသုံးသပ်ချက် #ယူရိုပါလိဂ်