ရှေ့သို့
Image

ပေါ်တူဂီစတား လီယာအိုအတွက် စုံစမ်းမှု ပြုလုပ်နေပြီဖြစ်တဲ့ ဘာစီလိုနာ

3:07 PM, 31 May

အချိန်ကာလအားဖြင့် အတိုင်းအတာတစ်ခု ကြာမြင့်စွာ လာလီဂါ ချန်ပီဆုနဲ့ အလှမ်းကွာနေခဲ့ရာမှ နည်းပြ ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ တစ်ဖန်ပြန်လည် ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ရှေ့လာမယ့် ဘောလုံးရာသီအတွက် တိုက်စစ်ပိုင်အားဖြည့်နိုင်ရန် အေစီမီလန်အသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်ကစားသမား လီယာအိုအတွက် စုံစမ်းမှု ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာ အနေဖြင့် နာမည်ကျော် အားကစားအေဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ကို အေစီမီလန်အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြင့်ချူပ်ဆိုရန် နီးစပ်တဲ့ အနေအထားတွင် ရောက်နေတဲ့ ပေါ်တူဂီစတား ရာဖေးလ်လီယာအိုအတွက် မေးမြန်းစုံစမ်းခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေဖြင့် ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမတိုင်မီ ရာသီကြိုအပြောင်းအရွှေ့ ကာလအတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှုး လီဝန်ဒေါ့စကီးကို ခေါ်ယူအားဖြည့်ထားခဲ့သလို လိဒ်ယူနိုက်တက်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ရာဖင်ဟာရဲ့ ခြေစွှမ်းပိုင်းနဲ့ အချက်အလက်တွေ ကောင်းမွန်နေတာ မှန်ပေမဲ့ အူဆူမန်ဒမ်ဘီလီရဲ့ အနာဂတ်မရေရာချိန်မှာ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ တိုက်စစ်ကစားသမား ရှာဖွေရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ကတ္တလန်လကပ်အသင်းအနေဖြင့် တိုက်စစ်ပိုင်းအတွက် အခြားကစားသမားအချို့အားလည်း စောင့်ကြည့်နေတာဖြစ်ပြီး ဥရောပ ရဲ့ အကောင်းဆုံး တောင်ပံတိုက်စ်ကစားသမားတွေထဲမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ရာဖေးလ်လီယာအို ကလည်း အထူးစိတ်ဝင်စားဖွယ်ရာခြေစွမ်းကောင်း ပြသနေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချူပ်သက်တမ်းတိုးမြှင့်ရန် ဆောင်ရွက်နေပြီဖြစ်တဲ့ လီယာအိုအနေဖြင့် စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ပါက လာမယ့် ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ တန်ကြေးနည်းပါးနိုင်သလို တစ်ရာသီခန့် ထပ်မံကစားပြီးပါက ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူခွင့်ရကြမှာပဲ ဖြစ်ပါတယ်။ 

#လာလီဂါ #ဘာစီလိုနာ #အေစီမီလန် #လီယာအို