ရှေ့သို့
Image

ရက်အနည်းငယ်အတွင်းမှာ အနာဂတ်ကလပ်ကို ရွေးချယ်တော့မှာဖြစ်တဲ့ မက်ဆီ

3:45 PM, 31 May

ဆော်ဒီကလပ် အယ်ဟီလယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပေါ်ပေါ်ထင်ထင်ထွက်ပေါ်လာတဲ့ ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီက ရှေ့လာမယ့် ရက်ပိုင်းအနည်းငယ်အတွင်းမှာ ကစားသမားဘဝအနာဂတ်နဲ့ ပတ်သက်ပြီး ရွေးချယ်မှု ပြုလုပ်သွားမှာပါ ဖြစ်တဲ့အကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်လာသလို စာချူပ်သက်တမ်းကလည်း လာမယ့် ဇွန်လမှာ ကုန်မှာ ဖြစ်ပါတယ်။

ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက မက်ဆီအနေဖြင့် အဓိက ပြိုင်ဘက် ပေါ်တူဂီဝါရင့်တိုက်စစ်မှုး သွားရောက်ကစားနေတဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့နိုင်ပြီး အယ်ဟီလယ်အသင်းက မြင့်မားတဲ့ လုပ်ခနှုန်းထားဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၄၀၀ ဖြင့် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

မက်ဆီရဲ့ နီးစပ်တဲ့ ရင်းမြစ်တွေရဲ့အဆိုအရ ကမ္ဘာ့အကောင်းဆုံး (ရွှေဘောလုံး) ၇ဆုရှင်အနေဖြင့် ရှေ့လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကစားသမားဘဝအနာဂတ်နဲ့ ပက်သက်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ကစားသမားဘဝတွင် အချိန်ကြာမြင့်စွာ ကစားပေးခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့နည်းပြ ဇာဗီကိုယ်တိုင်ကလည်း မက်ဆီနဲ့ အကြားမှာ ဆက်ဆံရေးကောင်းမွန်နေပြီး အပြောင်းအရွှေ့အတွက် စကားပြောဆိုထားမှုတွေ ပြုလုပ်ထားတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ခေါ်ယူရန် ကြိုးစားနေချိန် ဆော်ဒီကလပ် အယ်နာဆာအသင်းကလည်း ကမ္ဘာ့စံချိန်တင် လုပ်ခနှုန်းထားဖြင့် ကမ်းလှမ်းလာချိန်မှာ မက်ဆီအနေဖြင့် ဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #မက်ဆီ