ရှေ့သို့
Image

မက်ဆီနဲ့ အတူ အင်တာမီယာမီကို ပြောင်းဖို့ မဖြစ်နိုင်ကြောင်း ဆွာရက်ဇ် ပြောကြား

10:27 AM, 9 June

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က မိမိအနေနဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းရှိတဲ့ အင်တာမီယာမီအသင်းထံ ပြောင်းဖို့ မဖြစ်နိုင်ဘူးလို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အံ့အားသင့်ဖွယ်ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး မက်ဆီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး အင်တာမီယာမီထံ ပြောင်းမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

မက်ဆီ အပြောင်းအရွှေ့နဲ့အတူ အသင်းဖော်ဟောင်း ဆွာရက်ဇ်တစ်ယောက်လည်း မီယာမီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းကြီးနေပါတယ်။ အသက် ၃၆ နှစ်သားဟာ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ ၆ ရာသီဖြတ်သန်းခဲ့တာဖြစ်ပြီး ဂရီမီယိုနဲ့ စာချုပ်သက်တမ်းရှိနေတာကြောင့် အင်တာမီယာမီအသင်းထံ ပြောင်းဖို့ မဖြစ်နိုင်တာဖြစ်ပါတယ်။ “အဲ့တာက အမှားကြီးပါ။ မဖြစ်နိုင်တာကြီးပါ။ ကျွန်တော် ဂရီမီယိုမှာ ပျော်နေပါတယ်။ ပြီးတော့စာချုပ်သက်တမ်းက ၂၀၂၄ အထိ ရှိနေတာပါ”လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၂၂ ဒီဇင်ဘာတုန်းက ပေါ်တိုအသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကာ ၂၄ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့အသင်းဖော်နောက်တစ်ဦးဖြစ်တဲ့ ဘက်စ်ကွက်ကတော့ မီယာမီအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ရှိနေသလို ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်အသင်းတွေကလည်း ချိတ်ဆက်နေပါတယ်။

#အပြောင်းအရွှေ့ #မက်ဆီ #ဆွာရက်ဇ် #ဥရုဂွေး #အင်တာမီယာမီ