ရှေ့သို့
Image

ယူနိုက်တက်ကိုဝယ်ယူရေးကြိုးပမ်းမှုမှာ ကာတာသူဌေးတွေအနိုင်ရခဲ့ပြီဟုဆို🇶🇦🇶🇦

9:23 AM, 13 June

ကာတာနိုင်ငံရဲ့နာမည်ကြီးသတင်းစာတစ်ခုဖြစ်တဲ့ အယ်ဝါဒန်က ကာတာစော်ဘွား ရှိတ်ဂျာဆန်ဟာ ယူနိုက်တက်ရဲ့ပိုင်ရှင်သစ်ဖြစ်လာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ အယ်ဝါတန်သတင်းစာဟာ ရှိတ်ဂျာဆန်ရဲ့ဖခင်ပိုင်ဆိုင်တဲ့သတင်းဌာနဖြစ်ပြီး သူတို့မိသားစုရဲ့စီးပွားရေသတင်းတွေကို အမြဲဖော်ပြခဲ့တဲ့သတင်းစာလည်း ဖြစ်ပါတယ်။ ယခုသတင်းကို အင်္ဂလန်သတင်းဌာနတွေက အတည်မပြုသေးပေမယ့် ယူနိုက်တက်ရဲ့ရှယ်ယာစျေးတွေကတော့ ထိုးတက်သွားခဲ့တယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာတာ #ပရီးမီးယားလိဂ်