ရှေ့သို့
Image

စကော့တလန်ကို ရှုံးနိမ့်ပြီးနောက် နော်ဝေပရိသတ်များရဲ့လှောင်ပြောင်မှုကိုခံခဲ့ရတဲ့ ဟာလန်း

3:06 PM, 19 June

မန်စီးတီးနှင့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ ဟာလန်းသည် အော့စလိုတွင် ကျင်းပခဲ့သော စကော့တလန် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွင် ရှုံးနိမ့်ပြီးနောက် နော်ဝေပရိသတ်များ၏ လှောင်ပြောင်မှုခံခဲ့ရပါတယ်။

အဆိုပါခြေစစ်ပွဲ၌ ဟာလန်းသည် ၆၁ မိနစ်တွင် အဖွင့်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သော်လည်း ၈၄ မိနစ်တွင် လူစားလဲခြင်းခံခဲ့ရပါတယ်။ ဧည့်သည်တွေကို အံ့အားသင့်ဖွယ်အနိုင်ရရှိစေမယ့် နောက်ကျဂိုး ၂ ဂိုးကိုတော့ ၈၇ မိနစ်မှာ လိုင်ဒန်ဒိုက်ခ် ကသွင်းယူပေးခဲ့ပြီး နောက်ထပ် ၂ မိနစ်အကြာမှာပဲ လူစားဝင်ကစားသမား ကင်နီမက်ခ်လင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ထို့နောက် ဖလားသုံးလုံးရရှိခဲ့သောမန်စီးတီး အသင်းတိုက်စစ်မှူးဟာ လက်မှတ်ရေးထိုးရန် စောင့်ဆိုင်းနေသော ပရိသတ်များကို ရှောင်ထွက်ပြီး နည်းပြထံသို့ သွားခဲ့ပါတယ်။ ဟာလန်းနှင့် နော်ဝေးတို့သည် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဝင်ခွင့်ရရန် အခက်အခဲများစွာကိုရင်ဆိုင်နေရပြီး ၎င်းတို့၏ ပထမဆုံး ခြေစစ်ပွဲသုံးပွဲတွင် စပိန်နှင့် စကော့တလန်ကို ရှုံးနိမ့်ကာ ဂျော်ဂျီယာနှင့် သရေကျထားပြီး ၁ မှတ်သာရရှိထားပါတယ်။

စကော့တလန်အသင်းကတော့ ၉ မှတ်အထိရရှိထားပြီး အုပ်စုထိပ်ဆုံးတွင် ရှိနေပါတယ်။ နော်ဝေသည် အင်္ဂါနေ့တွင် ၎င်းတို့၏ ဆိုက်ပရပ်စ်နှင့်ကစားမည့်ပွဲစဉ်တွင် ဥရောပဝင်ခွင့်အတွက် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးပမ်းလိုပါက အနိုင်ကစားမှသာဖြစ်နိုင်တော့မှာဖြစ်ပါတယ်။

#နော်ဝေ #ဟာလန်း #စကော့တလန်