ရှေ့သို့
Image

ရာသီကြို ခြေတစ်လှမ်းတစ်ရပ်အဖြစ် အသက် ၁၆နှစ်အရွယ် ဝက်ဖို့ဒ်စတား ဟယ်ရီအာမက်စ်ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်

1:27 PM, 27 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ရှေ့လာမယ့် ၂၀၂၃ - ၂၄ ဘောလုံးရာသီမှာ ပုံစံကောင်းပြသနိုင်ရန် လူစာရင်းပိုင်းအတွက် ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ထိပ်တန်း ကစားသမားတွေကို ချိတ်ဆက်နေတဲ့အပြင် အသက် ၁၆နှစ်အရွယ် ဝက်ဖို့ဒ်စတား ဟယ်ရီအာမက်စ်ကို ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် အသင်းအနေဖြင့် ရှေ့လာမယ့် ဘောလုံးရာသီအတွက် အဓိက ပြင်ဆင်မှုလုပ်ဆောင်ရန် ကြိုးစားတဲ့ နေရာမှာ ပစ်မှတ်ကစားသမားတွေဖြစ်တဲ့ ကိန်း၊ မေဆင်မောင့်တို့အား အဓိက ချိတ်ဆက်နေပြီး ချဲလ်ဆီး စတားအတွက် ချဉ်းကပ်မှု ပြုလုပ်ရာမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပေမဲ့ ယူနိုက်တက်အသင်းရဲ့ ၃ကြိမ်တိုင် ကမ်းလှမ်းမှုကို ချဲလ်ဆီးအသင်းက ပယ်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

မေဆင်မောင့်အတွက် ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀အထက်မှာ တောင်းဆိုထားတာမှန်ပေမဲ့ ကလပ်အသင်းပိုင်ရှင် အကူးအပြောင်း မရေရောသေးချိန် ဖြစ်တာကြောင့် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်း သာ ပေးချေရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက နည်းပြ တန်ဟတ်ရဲ့ အစီအစဉ်ဖြင့် အဓိက ကစားသမားအချို့ကို ရောင်းချရန် ပြင်ဆင်နေသလို ကစားကွက်တွင် အံဝင်နိုင်မယ့် ကစားသမားအချို့ကို ခေါ်ယူရန် ချိတ်ဆက်လုပ်ဆောင်နေချိန်ဖြစ်သလို အခြားတစ်ဖက်မှာလည်း ဝက်ဖို့ဒ်အသင်းနဲ့အတူ ထက်မြက်တဲ့ ခြေစွမ်းပိုင်း ပြသထားတဲ့ အသက် ၁၆နှစ်အရွယ် ဘယ်နောက်တန်းအစွန်ကစားသမား ဟယ်ရီအာမက်စ်ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အင်္ဂလန်သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခွင့်ရထားတဲ့ ဘယ်နောက်တန်းအစွန် ကစားသမား အာမက်စ်ကို ၄နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။  

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #အပြောင်းအရွှေ့ #ဟယ်ရီအာမက်စ်