ရှေ့သို့
Image

အသက် ၃၃ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူလိုက်တဲ့ ကလီဗာလေ

1:54 PM, 3 July

ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းနှင့် ဝက်ဖို့ဒ်အသင်းခေါင်းဆောင် တွမ်ကလီဗာလေဟာ ကစားသမားဘဝကနေ အနာယူကြောင်းကို စနေနေ့မှာ ကြောညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ထိုအကြောင်းအရာကို အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပြီး အသင်းဟောင်းတွေဖြစ်တဲ့ လက်စတာစီးတီး၊ ဝီဂန်၊ အက်စ်တွန်ဗီလာနှင့် အဲဗာတန်တို့ကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ အဆိုပါ နှုတ်ဆက်စာထဲတွင် ကစားသမားဘဝစတင်ခဲ့တဲ့ ယူနိုက်တက်နှင့် ဖာဂူဆန်တို့ကိုလည်း အမည်တပ်ကာ အထူးကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

"အထူးကျေးဇူးတင်ရမှာကတော့ ယူနိုက်တက်နဲ့ ပေါလ်မက်ဂီနက်၊ ဖာဂူဆန်တို့ပါ။ ကလပ်နဲ့ ဒီလူတွေက ကျွန်တော့်ကို ကစားသမားတစ်ဦး လူတစ်ားဖြစ်အောင် အခြေခံချပေးခဲ့တာဖြစ်ပြီး ကလပ်က ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ကူညီပေးခဲ့တာပါ။ အကယ်ဒမီကနေထွက်ခဲ့ပြီးနောက် ပထမအသင်းကို ကိုယ်စားပြုပြီးကစားရတာက တကယ့်ကိုထူးခြားပါတယ်" လို့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက ရေးသားထားပါတယ်။

၂၀၂၂-၂၃ ရာသီအတွင် သူဟာ အရွတ်ဒဏ်ရာ ရရှိခဲ့ပြီး ပေါင်ဒဏ်ရာမရရှိမီ ပွဲစဉ်တွေကို အကန့်အသတ်ဖြင့်သာ ကစားခဲ့ရပြီး တစ်ရာသီလုံးမှာ ၄ ပွဲသာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ် မတ်လ အစောပိုင်းမှာ သူဟာ နည်းပြလောကသို့ ကူးပြောင်းဖို့ အစီစဉ်ကိုရခဲ့ပြီး အနားယူပြီးနောက် အိုးထရက်ဖို့ဒ်သို့ပြန်ကာ ဦးဆောင်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #ပရီးမီးယားလိဂ် #ကလီဗာလေ