ရှေ့သို့
Image

မေဂျာလိဂ်က ပွဲစဉ်အချိန်ဇယားနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းရဲ့ သတိပေးခြင်းခံထားရတဲ့ မက်ဆီနဲ့ ဘက်စ်ကွက်စ်

11:21 AM, 5 July

MLS က သူတို့အတွက် ထူးခြားတဲ့ ရောက်ရှိရာနေရာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပွဲစဉ်ချိန်ဇယားဆွဲထားမှုနဲ့ ပတ်သက်ပြီး ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ ရီကွီပက်ဂ်က မက်ဆီနဲ့ ဘက်စ်ကွက်စ်တို့ကို သတိပေးလိုက်ပါတယ်။

ဘော်လွန်းဒီအော် ၇ ကြိမ်ရ မက်ဆီနှင့် ၂၀၁၀ ကမ္ဘာ့ဖလားဆုရှင် ဘက်စ်ကွက်တို့ ၂ ဦးစလုံးဟာ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီသို့ Free Agent ဖြင့် ပြောင်းရွှေ့ဖို့ ယခုနွေရာသီမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေက ဥရောပမှာ အကောင်းဆုံး ကစားခဲ့ပြီးနောက် အမေရိကသို့သွားရောက်ကာ စိန်ခေါ်မှုအသစ်များနှင့် လုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာစတားဟောင်းဖြစ်တဲ့ ပက်ဂ်က MLSက အယ်လ်အေဂလက်စီတွင် ကစားနေတာဖြစ်ပြီး ဂုဏ်သိက္ခာနှင့် ကျော်ကြားမှု ဆက်လက်တိုးလာနေတဲ့ ပြိုင်ဆိုင်မှုမှာ ရင်းနှီးတဲ့ကစားသမား ၂ဦးက သူနဲ့ပူးပေါင်းလာတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာနေပါတယ်။

မီယာမီရဲ့ ကစားသမား ခေါ်ယူမှု ၂ ခုနဲ့ပတ်သက်ပြီး AS သို့ပြောကြားထားပါတယ်။ "ဒါက ကောင်းမွန်တဲ့အနာဂတ်ရှိတဲ့ လိဂ်တစ်ခုလို့ထင်ပါတယ်။ အခု မက်ဆီနဲ့ ဘက်စ်ကွက်စ်တို့ရောက်ပြီး သူတို့ ဒီလိဂ်ကို အများကြီး ပေးနိုင်သလို လိဂ်ကလည်း သူတို့ကို အများကြီး ပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သင်ယူဖို့အတွက် အံ့မခန်းနေရာတစ်ခု ဒါမှမဟုတ် သူတို့မှာရှိတဲ့ ကောင်းမွန်တဲ့ ကစားသမားဘဝကို အသုံးသတ်ဖို့လို့ ထင်ပါတယ်။ သူတို့အတွက် ကျွန်တော်အရမ်းပျော်မိပါတယ်။ ဘက်စ်ကွက်စ်နဲ့ စကားပြောခဲ့ပြီး သူကအရမ်းပျော်နေပါတယ်။ ကျွန်တော် အနှစ်သက်ဆုံးကတော့ ဒီလိဂ်မှာ မြင့်မားတဲ့အဆင့်တစ်ခုရှိနေကာ အသင်းတိုင်းက ဘယ်သူကိုမဆို အနိုင်ယူနိုင်ပြီး ပြိုင်ဆိုင်မှုတွေများတဲ့ လိဂ်တစ်ခုဖြစ်လို့ပါပဲ" လို့ ပြောပါတယ်။

အမေရိကနဲ့ ဝေးကွာတဲ့ရက်တွေက ကုန်ဆုံးဖို့ အချိန်အနည်းငယ်ကြာတော့မယ်လို့ မက်ဆီနှင့် ဘက်စ်ကွက်စ်ကို ပက်ဂ်က သတိပေးခဲ့ပါတယ်။ "ကျွန်တော် မကြိုက်တာက ခရီးသွားရတာနဲ့ အချိန်တွေ ပြောင်းသွားတာပါပဲ။ ကစားသမားတစ်ယောက် အတွက် တစ်ခါတလေ ကောင်းကောင်းအနားယူဖို့က အရမ်းခက်ခဲတယ်လို့ ထင်ပါတယ်၊ အဲ့ဒီအချက်က ကျွန်တော်နဲ့လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါပဲ"လို့ ပြောပါတယ်။

ပြီးခဲတဲ့ ၂ ရာသီကို လီဂူးဝမ်းက ထိပ်တန်းအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့ မက်ဆီဟာ ဇူလိုင် ၂၁ ရက် မက္ကဆီကိုကလပ် ခရုဇ်အဇူးနှင့် လိဂ်ဖလားပွဲစဉ်တွင် အင်တာမိုင်ယာမီအတွက် ပထမဆုံးပွဲထွက်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။

#လာလီဂါ #ဘာစီလိုနာ #မက်ဆီ #ဘက်စ်ကွက်