ရှေ့သို့
Image

ဘက်စ်ကွက်အတွက် ကြိုဆိုဂုဏ်ပြုတဲ့ပို့စ်တွင် စပိန်အသင်းဖော် အာဘီလိုအာရဲ့ပုံနဲ့ မှားပြီးတင်ခဲ့တာကြောင့် စနောက်စရာဖြစ်ခဲ့တဲ့ အင်တာမီယာမီ

10:07 AM, 17 July

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္ဓဝင်ကစားသမား ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းက ရွှေဘောလုံး ၇ဆုရှင် မက်ဆီရဲ့ မိတ်ဆက်ပွဲတွင် အခြား ဘာစီလိုနာကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဘက်စ်ကွက်ကိုပါ တွဲဖက်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ကြိုဆိုကြောင်း ပို့စ်တင်ရာမှာ အာဘီလိုအာရဲ့ ပုံနဲ့ လွဲမှားတင်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာမီယာအသင်းရဲ့ တွစ်တာစာမျက်နှာတွင် တင်ထားခဲ့တဲ့ ဘက်စ်ကွက်အတွက် ကြိုဆိုဂုဏ်ပြုပို့စ်တွင် ၂၀၁၀ခုနှစ်တွင် ကမ္ဘာ့ဖလား ဆွတ်ခူးရယူခဲ့စဉ် စပိန်အသင်းဖော် အယ်ဗာရိုအာဘီလိုအာက ကမ္ဘာ့ဖလားဆုဖလားကို အနမ်းပေးနေတဲ့ပုံနဲ့အတူ မှားယွင်းပို့စ်တင်ခဲ့တာကြောင့် လူမှုကွန်ယက်စာမျက်နှာတွေအထက်မှာ ဘောလုံးပရိသတ်တွေရဲ့ စနောက်ပြောဆိုခြင်းခံနေရတာ ဖြစ်ပါတယ်။

ဘက်စ်ကွက်အတွက် ဂုဏ်ပြုပို့စ်တင်ခဲ့တဲ့ တွစ်တာစာမျက်နှာကိုင်တွယ်သူအနေဖြင့် အာဘီလိုအာရဲ့ ပုံနဲ့ လွဲမှားတင်ပြီး များမကြာမီမှာပဲ ပို့စ်ကို ပြန်လည် ဖျက်သွားခဲ့ပြီး ဘက်စ်ကွက်အောင်မြင်မှုရခဲ့တဲ့ တောင်အာဖရိက ညချမ်းရဲ့ ပုံတစ်ပုံတွင် ဘက်စ်ကွက်ရဲ့ အောင်မြင်မှုဆုဖလားတွေကို တွဲဖက်ကာ အစားထိုးတင်သွားခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် ဘာစီလိုနာအသင်းရဲ့ ကစားသမားအစုဖွဲ့တွင်ပါဝင်ခဲ့တဲ့ မက်ဆီနဲ့ ဘက်စ်ကွက်တို့အနေဖြင့် အမေရိကန်တွင် ပြန်လည်ပေါင်းဆုံခွင့်ရထားခဲ့ပြီး မကြာမီမှာ အခြားဘာစီလိုနာ ကြယ်ပွင့်ကစားသမားတွေဖြစ်ခဲ့ကြတဲ့ ဂျော်ဒီအယ်လ်ဘာနဲ့ အင်နီယေစတာတို့ကလည်း လာရောက်ပူးသွားနိုင်တာ ဖြစ်ပါတယ်။ အသက် ၃၅နှစ်အရွယ် ဘက်စ်ကွက်အနေဖြင့် ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိစေမယ့် ၃နှစ်စာချုပ်ကို အင်တာမီယာမီအသင်းတွင် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းတွင် အတူတကွ တောက်ပခဲ့ဖူးတဲ့ မက်ဆီနဲ့ ဘက်စ်ကွက်တို့အနေဖြင့် လာမယ့် ဂျူလိုင် ၂၁ရက်နေ့တွင် မက္ကဆီကို ကလပ် ခရုဇ်အာဇူအသင်းနဲ့ ကစားမယ့် လိဂ်ဖလားပြိုင်ပွဲတွင် မေဂျာလိဂ်ကလပ်အသင်းတွက် ပွဲဦးထွက် ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခွင့်ရမှာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဘက်စ်ကွက် #အင်တာမီယာမီ #အာဘီလိုအာ