ရှေ့သို့
Image

အသင်းက ထွက်ခွာသွားတဲ့ ဘက်စ်ကွက်စ်ရဲ့နေရာမှာ ကစားဖို့အတွက် ဖွင့်ဟပြောဆိုလိုက်တဲ့ ဂမ်ဒိုဂန်

12:37 PM, 18 July

စတားကစားသမား ဂမ်ဒိုဂန်ကို တနင်္လာနေ့မနက်က ကတ္တလန်မြို့တော်မှာ ဥက္ကဌ လောပေါ်တာနဲ့ အားကစားဒါရိုက်တာ အယ်လီမန်နီတို့က ဘာစီလိုနာကစားသမားသစ်အဖြစ် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဂမ်ဒိုဂန်နှင့် လာပေါ်တာတို့နှစ်ဦးစလုံးဟာ အားကစားဒါရိုက်တာဟာဟောင်းဖြစ်တဲ့ ဂျော်ဒီကာ့ဖ်ရဲ့ အလုပ်ကို မီးမောင်းထိုးပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့ကြတာပါ။ သဘောတူညီချက်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက ကြေညာခဲ့သော်လည်း ဂမ်ဒိုဂန်က ဆုဖလား ၃ လုံးရရှိခဲ့တဲ့ မန်ချက်စတာစီးတီးနှင့် အောင်ပွဲခံကာ ဂျာမနီလက်ရွေးစင် အသင်းအတွက်ပါ ကစားပေးခဲ့ပြီးနောက် အားလပ်ရက်များတွင် ရှိနေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ ဂမ်ဒိုဂန်ဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန်အတွက် ပိုမိုကောင်းမွန်ပြီး ငွေကြေးများပြားတဲ့ အခြားကမ်းလှမ်းမှုများကို ပယ်ချခဲ့ကာ သူဟာ နွေရာသီမှာ နည်းပြ ဇာဗီ တောင်းဆိုထားတဲ့ ပထမဆုံးကစားသမားဖြစ်ကြောင်း လာပေါ်တာက ထောက်ပြခဲ့ပါတယ်။

ဂမ်ဒိုဂန်ဟာ ကတ္တလန်က သတင်းစာရှင်းလင်းပွဲမှာ ဒီလိုအခွင့်အရေးနဲ့ စာချုပ်ရှိ သူ့ရဲ့အခန်းကဏ္ဍအတွက် ဇာဗီကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းနည်းပြအတွက် အဓိကမေးခွန်းတွေထဲကတစ်ခုကတော့ ဘက်စ်ကွက်စ်မပါဘဲ လာမည့်ရာသီမှာ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကို ဂမ်ဒိုဂန်နဲ့ ဘယ်လိုတည်ဆောက်မလဲဆိုတာပါ။

ဂျာမန်ဝါရင့်ကစားသမားက တစ်ကမ္ဘာလုံးကတွေးနေသလို ပိုမိုရှင်းလင်းမှုမရှိကာ ဇာဗီကလည်း ဂန်ဒိုဂန်ကစားရမယ့်နေရာနှင့်ပတ်သက်ပြီး အသိပေးပြောကြားထားခြင်းမရှိပါဘူး။

"ကျွန်တော်ဟာ စွယ်စုံရကစားသမားတစ်ယောက်လို့ ဇာဗီက ချီးကျူးထားပါတယ်။ သူက ကစားရမယ့်နေရာ အတိကျကို မပြောထားပေမယ့် မတူညီတဲ့ ကစားသမားတွေနဲ့ မတူညီတဲ့ နေရာတွေမှာ ပေါင်းစပ်နိုင်မယ်လို့ ထင်ပါတယ်" "ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ၊ မကြာသေးမီနှစ်များအတွင်း ကျွန်တော်ဟာ မတူညီတဲ့ နေရာတွေမှာ ပါဝင်ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ လိုအပ်တဲ့နေရာမှာ ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဂမ်ဒိုဂန်က ရှင်းပြပါတယ်။

ဒီဂျောင်က ထိပ်တန်းအဆင့်မှာ အတွေ့အကြုံအနည်းငယ်ပိုရှိသော်လည်း ဂမ်ဒိုဂန်ဟာ အတွေ့အကြုံမရှိသေးတဲ့ ဂါဗီ၊ ပက်ဒရီတို့နှင့် တွဲကစားရဖွယ်ရှိနေပါတယ်။ "ဒီဂျောင် ဂါဗီ နှင့် ပက်ဒရီတို့က မယုံနိုင်လောက်အောင်ကောင်းကြပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားကဘဝက ပန်းခင်းတဲ့ မွေ့ယာမဟုတ်ဘူးဆိုတာကို သိပြီးသားပါ ကြုံတွေ့ပြီးသားပါ။ မကြာသေးမီနှစ်တွေက ကျွန်တော့်ရဲ့ အတွေ့အကြုံတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်းနှင့် ခံစစ်ပိုင်း နှစ်နေရာစလုံးမှာ ကူညီနိုင်မယ်လို့ ထင်ပါတယ်။ သူတို့တွေက ကျွန်တော့်ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေပါ။ ကျွန်တော့်အနေနဲ့ ၁ % လောက်လုပ်နိုင်ခဲ့မယ်ဆိုရင်ကို ဝမ်းသာပါတယ်"လို့ ဂမ်ဒိုဂန်က ပြောပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ရာသီက လီဝန်ဒေါ့စကီးရဲ့လုပ်အားနှင့်အတူ လူငယ်ကစားသမားများကို ရင့်ကျက်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့ပြီး ရလဒ်အနေဖြင့် အသင်းရဲ့ကစားပုံကို ထောက်ပြရမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့သည့်ရာသီက အသင်းရဲ့ ဥရောပရှိ ရလဒ်ဆိုးရွားမှုကို ဖြေရှင်းရန် ကြိုးပမ်းနေတာကြောင့် ဂမ်ဒိုဂန်ကို အလားတူခေါင်းဆောင်မှုအခန်းကဏ္ဍတွင် တာဝန်ပေးအပ်မည်မှာ သေချာပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #အပြောင်းအရွှေ့ #ဂမ်ဒိုဂန် #ဘက်စ်ကွက်