ရှေ့သို့
Image

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းနဲ့ မချိတ်ဆက်နေဘူးလို့ ဂရီမီယို အတည်ပြု

9:28 AM, 28 July

ဂရီမီယိုအသင်းကတော့ ဆွာရက်ဇ်ကို အင်တာမီယာမီအသင်းက မချိတ်ဆက်နေဘူးလို့ အတည်ပြုလိုက်ပါတယ်။

ဥရုဂွေးသားဟာ အင်တာမီယာမီအသင်းရဲ့နောက်ဆုံး ပစ်မှတ်ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ၊ ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာတို့လည်း ရောက်နေပြီဖြစ်တာကြောင့် ဆွာရက်ဇ်ကိုလည်း ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်သတင်းတွေနဲ့ ပတ်သက်ပြီး ဂရီမီယိုက “ကျွန်တော်တို့ မက္ကဆီကန်အော်ပရာအကြောင်း ပြောနေတာပါ။ ဒါပေမယ့် မနေ့ကပဲ မက္ကဆီကန်အော်ပရာက အပြီးသတ်ခဲ့ပါပြီ။ သံသယရှိစရာမလိုပဲ သူ့အတွက်ကော၊ အသင်းအတွက်ကော ပရိသတ်တွေ အတွက်ပါ စိတ်အေးချမ်းစေမှာပါ။ သူ ဒီဇင်ဘာမတိုင်ခင်အထိ ကျွန်တော်တို့နဲ့ ဆက်နေမှာပါ။ ကွင်းတွင်း ကွင်းပြင်ပ သူရဲ့ပါဝင်မှုက အရေးပါပါတယ်။ သူက ကျွန်တော်တို့ကိုအများကြီး ကူညီသလို ဆက်လည်းကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဂရီမီယိုနည်းပြ ရီနာတိုက ပြောကြားခဲ့ပါတယ်။

အသက် ၃၆ နှစ်သားဟာ ၂၀၂၂ ဒီဇင်ဘာတုန်းက ဂရီမီယိုအသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၁ ပွဲမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မီယာမီအသင်းထံ ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ပေမယ့် ၂၀၂၄ မတိုင်ခင်အထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဘက်ခမ်းကလည်း အသင်းထံ ထိပ်တန်းကစားသမားတွေကို ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #ဆွာရက်ဇ် #ဥရုဂွေး #အင်တာမီယာမီ ဂရီမီယို