ရှေ့သို့
Image

လာလီဂါမှာ ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်မှုတွေကို ဖွင့်ထုတ်ရင်း လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဗင်နီစီးယက်စ်ကို အားပေးလိုက်တဲ့ ဒီယေဂိုကော်စတာ

4:15 PM, 5 August

ပြီးခဲ့သည့်ရာသီက လူမျိုးရေးခွဲခြားမှုပြင်းထန်စွာ ခံခဲ့ရတဲ့ ဗင်နီစီးယက်စ်ဘက်ကေန ဒီယေဂိုကော်စတာက ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာ မေလက ရီးရဲလ်မက်ဒရစ် - ဗလင်စီယာပွဲမှာ ပရိသတ်တွေရဲ့ ရိုင်းစိုင်းတဲ့အော်ဟစ်မှုကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါ အနီကဒ်က ပြန်လည်ရုပ်သိမ်းခဲ့သလို ဗလန်စီယာအသင်းကလည်း အရေးယူခြင်းခံခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုပြဿနာကို ပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်အား အဆိုပါပြဿနာနဲ့ပတ်သက်ပြီး ရဲရဲတင်းတင်းဝေဖန်ခဲ့တဲ့ ဗင်နီစီးယက်စ်ရဲ့ ရပ်တည်ချက်အတွက် ဘောလုံးအသိုင်းအဝိုင်းမှ ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ မကြာသေးမီက ပရီမီယာလိဂ်ကလပ် ဝုဗ်အသင်း၌သွားရောက်ကစားခဲ့တဲ့ ဘရာဇီးနွယ်ဖွား ကော်စတာက ဗီနီဆီယက်စ်ရဲ့ကို ထောက်ခံသူစာရင်းမှာ သူ့ရဲ့နာမည်ကို ထည့်သွင်းခဲ့ပြီး စပိန်ထိပ်သီးဘောလုံးပြိုင်ပွဲသို့ စတင်ရောက်ရှိစဉ်က လူမျိုးရေးအရ စော်ကားခံခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

"ဗင်နီစီးယက်စ်ကို မှတ်ချက်ပေးဖို့က အရမ်းခက်ပါတယ်။ ကျွန်တော် စပိန်လိဂ်မှာ ကစားတုန်းက ပြိုင်ဘက်တွေက မင်းတို့နိုင်ငံကို ပြန်သွား၊ နိမ့်ပါးတဲ့ မျောက်တွေလို့ ပြောတာကို ကြားခဲ့ရတာ မှတ်မိပါတယ်" "ပွဲကနေ ကျွန်တော့်ရဲ့စိတ်ကို ဖယ်ထားရမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အရမ်းနာကျင်ရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဗင်နီစီးယက်စ်က လူမည်းကစားသမားတစ်ဦးပါ။ အကြောင်းအရာက လုံးဝကို ကွဲပြားပါတယ်၊ လူမျိုးရေး ခွဲခြားမှုဟာ အချိန်အတော်ကြာနေဖြစ်ပြီး လူတွေ အများကြီး ခံစားခဲ့ရပါတယ်၊ အရမ်းနာကျင်ရပါတယ်" "လူမည်းကစားသမားတွေကို ဆက်ဆံတာ အရမ်းကွာခြားပါတယ်။ လူတော်တော်များများကတော့ ဒါတွေကို လျစ်လျူရှုရမယ်လို့ ပြောကြပါတယ်" လို့ ကော်စတာက Relevo သို့ပြောခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟောင်းက သူ့ကိုယ်သူ ပြိုင်ဘက်ဟောင်းတွေနဲ့ စည်းလုံးမှုကို ခဏတာ ခွင့်ပြုခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ ရီးရဲလ်မက်ဒရစ်ရှိ ရှိနေမှုကို သဘောကျမိကြောင်း ပြောထားပါတယ်။ "ဒါကို ပြဿနာဖန်တီးဖို့ အသုံးပြုသူတွေ ရှိပါတယ်၊ ဒါပေမယ့် ဗီနီဆီးယက်စ်က ကံကောင်းစွာ ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့ပြီး သူက အများကြီး ကိုယ်စားပြုပါတယ်" "သူ့မှာ ခွန်အားနဲ့ စွမ်းအားရှိပါတယ်၊ ဂီတာဖေး ဒါမှမဟုတ် ရေရိုက တစ်ယောက်ယောက်က လူမိုက်တွေ၊ အိမ်ပြန်ပါလို့ ပြောကြပါလိမ့်မယ်။ ဒါကိုအဖွဲ့ချုပ်နဲ့ လူ့အဖွဲ့အစည်းက ပယ်ချမှာ မဟုတ်ပါဘူး"

"ဗင်နီစီးယက်စ် တိုက်ပွဲဝင်တာ မှန်ပါတယ်။ အားလုံးက သူ့အတွက်ဖြစ်သွားပါပြီ၊ သူအရမ်းဆိုးတယ်၊ ဘောလုံးနဲ့ဘာလုပ်ရမှန်းမသိလို့ဆိုပြီး လူတွေက သူ့ကိုပြောကြတယ်။ ပြီးတော့ ဒီနေ့သူဘာဖြစ်နေလဲဆိုတာကိုကြည့်လိုက်၊ ဘယ်သူကမှ သူ့ကို ဘာမှမပေးခဲ့ပါဘူး။ တန်းတူဆက်ဆံမှုရရှိဖို့ သူ့မှာ အကြောင်းပြချက်တွေ ရှိပါတယ်" လို့ ကော်စတာက ပြောပါတယ်။

#လာလီဂါ #အက်သလက်တီကို #ဗင်နီစီးယက်စ် #ကော်စတာ