ရှေ့သို့
Image

မန်စီးတီးကနေ ထွက်ခွာပြီး ဆော်ဒီမြေကို ပြောင်းတော့မယ့် လာပေါ်တီ

10:19 AM, 17 August

မန်စီးတီးအသင်းဟာ လာပေါ်တီအတွက် အယ်လ်နာဆာရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ သိရပါတယ်။ ပြင်သစ်သားနောက်ခံလူဟာ အခုချိန်မှာ ဆော်ဒီလိဂ်ကိုပြောင်းတော့မှာဖြစ်ပြီး ဂန်ဒိုဂန် ၊ မာရက်ဇ်တို့ပြီးနောက် မန်စီးတီးကနေ ထွက်ခွာတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အသက် ၂၉ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အကီနဲ့ အကန်ဂျီတို့ရောက်လာပြီးနောက် စီးတီးမှာ နေရာပျောက်ခဲ့တာဖြစ်ပါတယ်။ စပိန်သားဟာ ပရီးမီးယားလိဂ် ၁၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ မကြာသေးခင်တုန်းက ဂါဗာဒီအိုကိုလည်း ပေါင် ၇၈ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဂါဗာဒီအိုဟာ လူစားဝင်ကစားခွင့်ရရှိခဲ့ကာ လာပေါ်တီတစ်ယောက် အသင်းကနေ ထွက်ခွာဖို့ ပိုသေချာစေခဲ့ပါတယ်။ လာပေါ်တီနဲ့ စီးတီးတို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပြီး စီးတီးကတော့ ငွေကြေးအများအပြားရဖွယ်ရှိနေပါတယ်။

အယ်လ်နာဆာဟာ ဇန်နဝါရီနောက်ပိုင်းကတည်းက ရော်နယ်ဒိုအပါအဝင် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။ အခုနွေရာသီမှာလည်း မာနေး၊ ဘရိုဇိုဗစ် ၊ ဖိုဖာနာနဲ့ တယ်လက်စ်တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အလီဆင်ကိုလည်း စိတ်ဝင်စားနေပြီး မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #လာပေါ်တီ