ရှေ့သို့
Image

နောက်ခံလူ လာပေါ်တီအသင်းကနေ ထွက်ခွာသွားခဲ့ပြီလို့ မန်စီးတီး အတည်ပြု

10:33 AM, 24 August

မန်စီးတီးအသင်းကတော့ နောက်ခံလူ လာပေါ်တီတစ်ယောက် အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

လာပေါ်တီဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ စပိန်သားဟာ ဆော်ဒီလိဂ်ကိုပြောင်းရွှေ့ခဲ့တဲ့ နောက်ဆုံး ထိပ်တန်းကစားသမားဖြစ်လာခဲ့ပြီး မာရက်ဇ်က အယ်လ်-အက်လီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။

“စီးတီးသားတို့ရေ ကျွန်တော့်ပုံပြင်ကို မင်းတို့ထံပြောပြချင်နေပါတယ်။ အခုတေ့ ငါတို့သမိုင်းဖြစ်ခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ်။ မကြာခင်မှာတွေ့ကြမယ်”လို့ လာပေါ်တီက ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။ လူမှုမီဒီယာမှာလည်း လာပေါ်တီက “၅ နှစ်ခွဲတာ ကာလက မမေ့နိုင်တဲ့နှစ်တွေဖြစ်ခဲ့ပါတယ်။ အမှတ်တရတွေအများကြီးဖြစ်ခဲ့ပြီး အဲ့တာကို ကျွန်တော့်နှလုံးသားထဲမှာ သိမ်းထားပါ့မယ်”လို့ တင်ခဲ့ပါတယ်။

လာပေါ်တီဟာ စီးတီးအတွက် ပွဲပေါင်း ၁၈၀ ကျော် ပါဝင်ကစားခဲ့ပြီး နောက်ဆုံးကစားခဲ့တာက ဘန်လေနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဖလား နဲ့ ဆီဗီလာနဲ့ကစားခဲ့တဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲတွေမှာတော့ ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။

ဂါဗာဒီအိုရောက်လာတာကြောင့် လာပေါ်တီက အသင်းကနေ ထွက်ခွာရတာဖြစ်သလို ဆော်ဒီလိဂ်ကအသင်းတွေကလည်း အခုအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားတွေ ခေါ်ယူနေတာဖြစ်ပါတယ်။ ဆော်ဒီကလပ်တွေဟာ ရော်နယ်ဒို ၊ ဘန်ဇီးမား ၊ ကန်တီ ၊ ဖာမီနို ၊ ဟန်ဒါဆန်တို့ကို ခေါ်ယူထားခဲ့ပြီး လာပေါ်တီက ဆော်ဒီလိဂ်ကို နောက်ဆုံး ရောက်လာခဲ့တဲ့ ထိပ်တန်းကစားသမားဖြစ်လာခဲ့ပါတယ်။

#မန်စီးတီး #လာပေါ်တီ #ပရီးမီးယားလိဂ်