ရှေ့သို့
Image

ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီးနောက် အီဘီဇာကမ်းခြေရှိ ရွက်လှေတစ်စင်းပေါ်မှာ အောင်ပွဲခံပါတီကျင်းပနေတဲ့ စပိန်အမျိုးသမီးအသင်း

2:31 PM, 24 August

ဗိုလ်ပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားကိုဆွတ်ခူးရရှိခဲ့တဲ့ စပိန်အမျိုးသမီးအသင်းဟာ ယခုအခါ အီဘီဇာကမ်း‌ခြေရှိ အပျော်စီးရွက်လှေတစ်စင်းပေါ်မှာ အောင်ပွဲခံပါတီကျင်းနေကြနေကြတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကိုဆွတ်ခူးပြီး အောင်ပွဲခံနေကြတဲ့ စပိန်သူရဲကောင်းများအတွင်းမှာ အထူးသဖြင့် တိုက်စစ်မှူး ဟာမီရိုဆိုက အတက်ကြွဆုံးဖြစ်နေတဲ့ပုံပေါ်ပါတယ်။ မက်ဒရစ်မြို့မှာမွေးဖွားခဲ့ပြီး ပါချူကာအသင်းမှာကစားနေတဲ့ ဟာမီရိုဆိုဟာ အသင်းဖော်တွေနဲ့အတူ ရေကူးကစားနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အောင်ပွဲခံသူတစ်ဦးဖြစ်တဲ့ အိုလ်ဂါကာမိုနာကလည်း အဖြူရောင်ဘစ်ကီနီကို ဝတ်ဆင်ထားပြီး ကင်မရာဘက်ကို လှမ်းကြည့်နေတဲ့ဟန် ဓာတ်ပုံရိုက်ထားပါသေးတယ်။

စပိန်အသင်းသားတွေဟာ အောင်ပွဲကြီးကြီးမားမား ရရှိပြီးနောက်မှာတော့ ပြည့်ပြည့်ဝဝ အပန်းဖြေနေကြပြီး ကမ်းခြေတစ်လျှောက်ကို ခြေလျင်ခရီးသွားနေကြပါသေးတယ်။ အိုလ်ဂါကတော့ စပိန်အသင်းကစားသမားတွေအကြား အမြင့်မားဆုံးစိတ်ခံစားမှုရရှိခဲ့တဲ့ ရက်သတ္တပတ်ကိုပိုင်ဆိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အင်္ဂလန်ဘက်သို့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဘယ်နောက်ခံလူ အိုလ်ဂါဟာ ပွဲပြီးဆုံးပြီး နာရီပိုင်းအကြာမှာပဲ သူမရဲ့ဖခင်သေဆုံးမှုကို သိရှိခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း စပိန်ကြယ်ပွင့်များက အောင်ပွဲရအပြုံးများကိုဖော်ပြထားကြပြီး တစ်နှစ်အတွင်းကြီးထွားလာခဲ့တဲ့ အောင်မြင်မှုကို သာသာယာယာပဲ လက်ခံပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ အသင်းနည်းပြ ဂျော့ဂ်ျဗီလ်ဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း စပိန်အသင်းအတွက် ကစားသမားခေါ်ယူခဲ့ရာ ကစားသမား ၁၅ ဦးက ၎င်းရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ငြင်းပယ်ခဲ့တဲ့အဆိုပါ ကစားသမား ၁၅ ဦးအတွင်းမှ ၃ ဦးကို စပိန်ဘောလုံးဥက္က ရူဘိုင်ရယ်စ်က ဩစတေးလျသို့ခေါ်ဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ မာပီလီယွန်၊ ပါထရီ ဂွီဂျာရို ‌နဲ့ ကလော်ဒီယာပီနာတို့ကို ချန်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘာစီလိုနာပရိသတ်ဖြစ်ဖြစ်၊ ရီးရဲလ်မက်ဒရစ် ပရိသတ်ဖြစ်ဖြစ် စပိန်နိုင်သားအားလုံးဟာ တစ်ပေါင်းတစ်စည်းတည်းရှိနေခဲ့ကြပြီး အင်္ဂလန်အသင်းကို အနိုင်ယူဖို့ အားပေးခဲ့ကြပြီးနောက် အထွတ်အထိပ်အောင်မြင်မှုကိုရရှိခဲ့ကြကာ ယခုလိုစုစုစည်းစည်းအောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အောင်ပွံခံနိုင်ခဲ့ကြသော်လည်း အချို့အချက်တွေအတွက် အငြင်းပွားစရာ အချိန်တွေရှိခဲ့ပါသေးတယ်။ အထူးသဖြင့် စပိန်ဘောလုံးအဖွဲ့ရဲ့ အကြီးအကဲ ရူဘိုင်ရယ်စ်ဟာ ဗိုလ်လုပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရကာ ရာထူးမှနှုတ်ထွက်ပေးဖို့အထိ တောင်းဆိုမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။

#အင်္ဂလန် #စပိန် #gossip