ရှေ့သို့
Image

ချစ်သူ စင်ဒီကင်ဘာလီနဲ့အတူ အီတလီမှာ အနားယူအပန်းဖြေနေတဲ့ အဲဗာတန်ကြယ်ပွင့် ဒယ်လီအလီ

12:51 PM, 25 August

တင်ပါးကြွက်သားဒဏ်ရာကြောင့် အနားရနေတဲ့ အဲဗာတန်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ ချစ်သူ စင်ဒီကင်ဘာလီနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့အဝေး အီတလီနိုင်ငံမြောက်ပိုင်းရှိကမ်းခြေတစ်ခုမှာ နွေးထွေးတဲ့နေရောင်ခြည်ကို ခံယူရင်း အနားယူအပန်းဖြေနေကြတာဖြစ်ပါတယ်။

အီတလီနိုင်ငံရဲ့ နေရောင်ခြည်အောက်မှာ ရိုမန့်တစ်ဆန်တဲ့ အလီတို့ စုံတွဲဟာပြုံးပျော်နေကြပြီး ဓာတ်ပုံတွေကို အင်စတာဂရမ်မှတစ်ဆင့်မျှဝေခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ အပြာရောင်ဘစ်ကီနီကိုဝတ်ဆင်ထားတဲ့စင်ဒီဟာ ပင်လယ်ထဲမှာရေဆင်းကူးနေပြီး အလီကတော့ အပေါ်ပိုင်း ဗလာကျင်းထားပြီး ခန္ဓာကိုယ်ပေါ်က စိမ်းပြာရောင်တက်တူးတွေကို ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်။

နစ်ကီကမ်းခြေမှာ အနားယူနေတဲ့စုံတွဲဟာ တစ်ဦးနဲ့တစ်ဦး နမ်းရှုပ်နေတဲ့ပုံတွေလည်း ပါဝင်ပါသေးတယ်။ အသက်-၂၄ နှစ်အရွယ် စင်ဒီဟာ ၂၀၂၂ ခုနှစ်အတွင်း အားလပ်ရပ်ကို အီတလီနိုင်ငံ ကာပီမြို့ရဲ့ ရွက်လှေတစ်စင်းပေါ်မှာ ကုန်ဆုံးနေစဉ်  ဘောလုံးအားကစားသမား အလီနဲ့ပထမဆုံးအကြိမ်စတင်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ကတည်း စတင်ချစ်ကြိုက်ခဲ့ကြတဲ့ စုံတွဲဟာ ယခုချိန်အထိမြဲမြံနေဆဲဖြစ်ပါတယ်။

အသက်- ၂၇ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း အလီဟာ ၂၀၂၂ ဇန်ဝါရီလမှာ တော့တင်ဟမ်မှ အဲဗာတန်သို့ ပြောင်းရွှေ့ခဲ့သော်လည်း အဲဗာတန်အတွက် အရေးပါတဲ့ကစားသမားတစ်ဦးတော့ဖြစ်မလာခဲ့ပါဘူး။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာလည်း အလီက ဘောလုံးသမားဘဝမှ အနားယူဖို့အထိ စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၆ နှစ်သားအရွယ်တုန်းက လိင်အကြမ်းဖက်ခံခဲ့ရကြောင်းနဲ့ ၈ နှစ်သားအရွယ်မှာ မူးယစ်ဆေးဝါး စတင်သုံးစွဲဖူးခဲ့ကြောင်းကိုလည်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယခင်က အရက်ပြဿနာများ၊ အိပ်ဆေးစွဲခြင်းများနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းဖို့ ပြန်လည်ထူထောင်ရေးစခန်းမှာ ၆ ပတ်ကြာနေထိုင်ခဲ့ရကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

အလီက "အခုအချိန်က ကျွန်တော်ဘာတွေဖြစ်ခဲ့တာလဲဆိုတာ လူတွေကိုပြောပြဖို့အချိန်ကောင်းပါပဲ။ အချိန်အကြာကြီးဖုံးကွယ်ခဲ့တာကြောင့် အခုလိုဖွင့်ပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ပြီးတော့ ပြောရမှာလည်းကြောက်ပါတယ်။ ကျွန်တော်တူရကီကပြန်ရောက်တော့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ကြောင်း သိတိထားမိခဲ့လို့ ဆေးကုသမှုခံယူဖို့ လိုအပ်တယ်လို့ ယူဆပြီး စိတ်ကျန်းမာရေးကုသမှုခံယူဖို့ ပြန်လည်ထူထောင်ရေးဌာနကို သွားခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့စိတ်ဒဏ်ရာတွေကို ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖြေရှင်းဖို့လိုအပ်ပြီး ကိုယ့်ကိုယ်ကိုယ်တွန်းအားမပေးနိုင်ရင် အလုပ်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်က ဆိုးဝါးတဲ့သံသရာထဲမှာ ပိတ်မိ‌နေခဲ့တာပါ"ဟုပြောကြားခဲ့ပါတယ်။

အဆိုပါသတင်းကြောင့် ဘောလုံးလောကတစ်ခုလုံးက ဒယ်လီအလီကို ပံ့ပိုးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင်အသင်းဟောင်း တော့တင်ဟမ်ကလည်း ပြီးခဲ့တဲ့အပတ် ယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒယ်လီအလီကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြကြောင့် ကွင်းလယ်ကစားသမားဟောင်းဟာ အသင်းဖော်ဟောင်းအများအပြားနဲ့ တွေ့ဆုံခဲ့ရပါတယ်။

#အဲဗာတန် #ဒယ်လီ အလီ #gossip