ရှေ့သို့
Image

ဘစ်ကီနီဝတ်စုံကို ဝတ်ဆင်ပြီး Twerk အကကိုပြသခဲ့တဲ့ ကီဝီအောရဲ့ချစ်သူ

4:34 PM, 5 September

အာဆင်နယ် နောက်ခံလူ ကီဝီအောရဲ့ချစ်သူ ကလော်ဒီယာဟာ Twerk ဘုရင်မလို့တင်စားခံထားရပြီး ယခုအခါ သူမရဲ့ ဘစ်ကနီဝတ်စုံကိုဝတ်ဆင်ပြီး ရင်သပ်ရှုမောဖွယ်ရာ ကကွက်တွေကို ဗီဒီယိုနဲ့ အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ ကီဝီအောဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အာဆင်နယ်တို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် တစ်ကမ္ဘာလုံးရှိ အာဆင်နယ် ပရိသတ်တွေရဲ့စောင့်ကြည့်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ယခုအခါ ၎င်းရဲ့ချစ်သူ ကလော်ဒီယာက ရေကူးဝတ်စုံ၊ ခေါင်းစွပ်နဲ့ ဘစ်ကနီတို့ကိုဝတ်ဆင်ပြီး ကြမ်းပေါ်သို့ ဦးခေါင်းချကာ ခြေထောင်နှစ်ချောင်းကိုအပေါ်ထောင်ပြီး Twerk အကကို ကပြနေတဲ့ဗီဒီယိုကို ဝေမျှခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ သူမဟာ ပြာလဲ့လှပတဲ့ သမုဒ္ဒရာကို နောက်ခံထားပြီး အပြာရောင်ချည်ကြိုး ဘစ်ကီနီကိုဝတ်ဆင်ကာ ရင်သပ်ရှုမောဖွယ်ရာ အကကို ကပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုနဲ့အတူ "နေရာတိုင်းမှာ ခေါင်းအုံးလိုက်ပါ"ဆိုတဲ့ခေါင်းစဉ်ကိုလည်း ရေးသားထားပါသေးတယ်။

အသက်-၃၀ နှစ်အရွယ် ကလော်ဒီယာရဲ့ပရိသတ်များက လျင်မြန်စွာမှတ်ချက်ပေးခဲ့ကြပြီး "ကျွမ်းကျင်လိုက်တာ" "ဘာပဲဖြစ်ဖြစ်မိုက်တယ်"စသည့်ဖြင့် ရေးသားခဲ့ကြတာဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကီဝီအော‌ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ စပီဇီယာအသင်းမှ အာဆင်နယ်သို့ ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အသင်းနည်းပြ အာတီတာကလည်း လူငယ်နောက်ခံလူကို သဘောကျ‌ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ပထမဆုံးပွဲဦးထွက်ပါဝင်ခဲ့တဲ့ ကီဝီအောကို "သူအဆင်သင့်ဖြစ်နေပါပြီ။ လန်းဆန်းနေပုံရပြီး အသင်းအတွက် တကယ်ကစားတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ သူကတစ်နေ့ပြီး‌တစ်‌နေ့ပိုကောင်းလာနေပြီး သူရဲ့အသင်းနဲ့ဆက်ဆံရေး၊ ဘာသာစကားအခြေအနေတွေလည်း တိုးတက်လာပါတယ်။ သူက ကျွန်တော့်အကြိုက် ကစားသမားတစ်ဦးဖြစ်လို့ ရအောင်ခေါ်ယူခဲ့တာပါ" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကီဝီအောဟာ အာဆင်နယ်အတွက် ပွဲစဉ် ၂ ပွဲပါဝင်ထားပြီး ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်နဲ့၊ ဖူလ်ဟမ်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်တို့ဖြစ်ပါတယ်။

#gossip