ရှေ့သို့
Image

ဂါဝန်အ‌သေးစားနဲ့ ဘစ်ကီနီကို ဝတ်ဆင်ကာ အားလပ်ရက်ကို အီတလီမှာ ကုန်ဆုံးနေတဲ့ ဂရီးလစ်ရှ်ရဲ့ချစ်သူ

4:56 PM, 5 September

မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ရဲ့ ချစ်သူ ဆာရှာအက်ထ်ဝုဒ်ဟာ သူမရဲ့ အားလပ်ရပ်ကို အီတလီနိုင်ငံမှာ ကုန်ဆုံးနေပြီး အဝါရောင် ဂါဝန်အသေးစားနဲ့ ဘစ်ကီနီကို ဝတ်ဆင်ထားတဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့တာကြောင့် ပရိသတ်တွေရဲ့ကြားမှာ အဝါရောင်မီးတောက်လို့ တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။

ဆာရှာဟာ သူမရဲ့ဓာတ်ပုံတွေကို "အားလပ်ရက်အမှိုက်ပုံကြီး၊ ရယ်ရွှင်မှုတွေနဲ့ ကောင်းမွန်တဲ့အစားအစာတွေအများကြီး" ဆိုတဲ့ခေါင်းစဉ်နဲ့အတူ မျှဝေခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံထဲမှာ အသက်-၂၇ နှစ်အရွယ်ဆာရှာဟာ အဝါရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး သူငယ်ချင်းတွေနဲ့အတူတူ နိုက်အောက်ထွက်နေတာကို တွေ့မြင်နိုင်ပါတယ်။ နောက်ထပ်ပုံတွေမှာ‌တော့ ရေကူးဝတ်စုံနဲ့ အပန်းဖြေနေတဲ့ပုံတွေပါဝင်ပြီး ရှုခင်းပုံတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

ပရိသတ်များက သူမရဲ့ အဝါရောင်ဂါဝန်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ကြပြီး " ပြီးပြည့်စုံတဲ့မိန်းကလေး 💛 " ၊ "အဝါရောင်နဲ့လိုက်တယ် 😍😍😍 "၊ "အလန်းစားကောင်မလေး" ၊ "အမြဲတမ်းလှတယ် 😍💛 "၊ "ဝိုး အံ့ဩစရာပဲ" ၊ "အဝါရောင်ဝတ်စုံကအရမ်းလှတယ်" စသည်ဖြင့်ရေးသားခဲ့ကြပါတယ်။

ဆာရှာဟာ ဆိုရှယ်မီဒီယာပို့စ်များမှာ အမြဲတမ်းလူကြိုက်များလေ့ရှိပြီး သူမနဲ့ ဂရီးလစ်ရှ်တို့ဟာ ငယ်စဉ်ကတည်းက ချစ်သူများဖြစ်ခဲ့ကြပြီး အသက်-၁၆ နှစ်အရွယ်ကတည်းက ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဂရီးလစ်က ဘောလုံးကွင်းထဲမှာအောင်မြင်နေသလို ဆာရှာကလည်း ဖက်ရှင်မော်ဒယ်လောကမှာ အောင်မြင်မှုတွေသိမ်းပိုက်နေပြီး အင်စတာဂရမ်မှာ ဖော်လိုဝါ ၂ သိန်း ၆ သောင်း ၄ ထောင်အထိရရှိထားပါတယ်။

#မန်စီးတီး #ဂရီးလစ်ရှ် #gossip #ဆာရှာအက်ထ်ဝုဒ်