ရှေ့သို့
Image

အဖြူရောင် ဘော်ဒီဝတ်စုံကိုဝတ်ဆင်ပြီး အစွမ်းကုန်လှပနေတဲ့ ဂရီးလစ်ရှ်ရဲ့ချစ်သူ

4:02 PM, 19 September

မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ရဲ့ချစ်သူ ဆာရှာအက်ဝုဒ်ဟာ သူမအတွက် အကြီးမားဆုံး မော်ဒယ်လ်ကမ်းလှမ်းချက်ကြောင့် အလွန်စိတ်လှုပ်ရှားနေတယ်လို့ သိရှိရပါတယ်။ အသက်-၂၇ နှစ်အရွယ် မော်ဒယ်လ်ဆာရှာဟာ VERY ရဲ့မျက်နှာသစ်မော်ဒယ်လ်အဖြစ် စတင်ဝင်ရောက်လာပြီး အဖြူရောင်ဘော်ဒီအင်္ကျီနဲ့ ဒူးမြင့်ဖိနပ်တို့ကိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းဖက်ရှင် ရီတေးလ်ရောင်းချသူနဲ့ စတင်လက်တွဲခဲ့ကြောင်းကို ဆာရှာက အင်စတာဂမ်မှတစ်ဆင့် "ကျွန်မလက်ရှိလုပ်နေတဲ့အလုပ်အတွက် ဒီလိုအဆင်ပြေတဲ့ပူးပေါင်းဆောင်ရွက်မှုကို ဝေမျှခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ဝေမျှထားခဲ့တာဖြစ်ပါတယ်။

ဆာရှာရဲ့ချစ်သူ မန်စီးတီးကြယ်ပွင့် ဂျက်ခ်ဂရီးလစ်ရှက်တော့ Gucci ရဲ့ မော်ဒယ်လ်ဖြစ်ပါတယ်။ ဆာရှာဟာ အင်စတာဂရမ်မှာ ဖော်‌လိုဝါ ၁ သိန်း ၈ သောင်း ခန့်ရှိပြီး ယူကျုမှာလည်း Sasha Rebecca ဆိုတဲ့နာမည်နဲ့ ချန်နယ်တစ်ခုထောင်ထားပြီး စက်ဘ်စခရိုက်ဘာ ၄ သောင်း ၆ ထောင်အထိရရှိထားပါတယ်။

ဂရီးလစ်ရှ်နဲ့ ဆာရှာတို့ဟာ ဆယ်ကျော်သက်အရွယ် အသက်-၁၆ နှစ်ကတည်းက ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ‌အနောက်အလယ်ပိုင်း စိုလီဟူးရှိ စိန့်ပီတာရိုမန်ကက်သလစ်ရဲ့ အလယ်တန်း‌ကျောင်းမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဆာရှာဟာ အသက် ၁၃  နှစ်အရွယ် ဘာမင်ဂမမ်မှာ မိခင်နဲ့အတူရှိစဉ်ကတည်းက မော်ဒယ်လ်လောကထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ အွန်လိုင်းအဝတ်အစား စတိုး Boohoo ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။

#မန်စီးတီး #ဂရီးလစ်ရှ် #gossip #ဆာရှာ