ရှေ့သို့
Image

No Bra Club ရဲ့ နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အီကာဒီရဲ့ဇနီးဖြစ်သူ ဝမ်ဒါနာရာ

4:54 PM, 19 September

အီကာဒီရဲ့ဇနီးဖြစ်သူ ဝမ်ဒါနာရာဟာ No Bra Club ရဲ့ နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး လူမရှိတဲ့ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်မှာ ဘရာစီယာမဝတ်ဘဲ ဓာတ်ပုံရိုက်ခဲ့တာကြောင့်  အင်္ကျီအောက်မှ ပျော့အိနေတဲ့ အရာနှစ်ခုက အပြင်သို့ထွက်ကျလုနီးပါးဖြစ်နေတာကို မြင်တွေ့ရနိုင်တာဖြစ်ပါတယ်။

အသက်-၃၆ နှစ်အရွယ် ဝမ်ဒါဟာ တူရကီရှိသူမရဲ့ခင်ပွန်းဖြစ်သူ အီကာဒီကို ကွင်းထဲအထိသွားရောက် အားပေးပြီးနောက် ပွဲအပြီးမှာ No bra club အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စိတ်ကူးဉာဏ်အချို့ရှိခဲ့ပုံရပါတယ်။

အသက်-၃၀ နှစ်အရွယ် အီကာဒီဟာ ဒုတိယရာသီအငှားအဖြစ် ပီအက်စ်ဂျီမှ ဂါလာတာစာရေးသို့ ထပ်မံရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ တူရကီကလပ်အတွက် ၂၆ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် ယမန်နေ့ညက ဆမ်စန်စပေါ်ကို ၄-၂ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ယခုရာသီအတွက် ၈ ဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် အီကာဒီဟာ ပွဲကြည့်စင်မှာရှိနေခဲ့တဲ့ ၎င်းရဲ့ဇနီးဖြစ်သူ ဝမ်ဒါထံမှ အားပေးမှုကို အခိုင်အမာရရှိခဲ့မယ်ဆိုတာ သံသယရှိစရာမလိုတဲ့အပြင် ဝမ်ဒါဟာ သူမကဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အပေါ်မှာ အင်္ကျီအပါးတစ်ထည်သာဝတ်ဆင်ပြီး No bra club အဖွဲ့ဝင်အဖြစ် ဘရာစီယာမပါဝင်ဘဲ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

ဝမ်ဒါဟာ သူမရဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှတစ်ဆင့်မျှဝေခဲ့ရာ ပရိသတ်တွေက "စွဲမက်စရာပဲ"၊ "မင်းကအမြဲတမ်းလှနေတဲ့ ဘုရင်မပါပဲ။ ငါတို့မင်းကိုချစ်တယ်"၊ "ဂန္ထဝင်ဆန်တဲ့အလှ"၊ "အမြဲတမ်းလှနေတာပဲ" စသည်ဖြင့် အသီးသီးမှတ်ချက်ပြုခဲ့ကြတာဖြစ်ပါတယ်။

နှစ်အနည်းငယ်ကြာ ပြဿနာအမျိုးမျိုးကိုကျော်ဖြတ်ခဲ့ပြီးနောက် အီကာဒီနဲ့ ဝမ်ဒါတို့ဟာ ပျော်ရွှင်နေပုံရပါတယ်။ သူတို့နှစ်ယောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလက လမ်းခွဲလိုက်‌ကြောင်း ကြေညာခဲ့ပြီး ယခုနှစ်အစောပိုင်းမှာ‌တော့ ပြန်လည် ပေါင်းထုပ်ခဲ့ကြတာဖြစ်ပါတယ်။

#အီကာဒီ #gossip #ဝမ်ဒါနာရာ