ရှေ့သို့
Image

လက်ရွေးစင်အသင်းက ခြေစွမ်းလိုမျိုး အေစီမီလန်မှာ ပြသဖို့ ပူလီဆစ်ကို အကြံပေးလိုက်တဲ့ အွန်နရီ

10:52 AM, 23 September

လက်ရွေးစင်အသင်းက ခြေစွမ်းအတိုင်း အေစီမီလန်မှာ ပြသနိုင်ဖို့အတွက် အမှားတွေလုပ်ဖို့ကြိုးစားရမယ်လို့ ပူလီဆစ်ကို အွန်နရီက ပြောကြားလိုက်ပါတယ်။ အမေရိကန် လက်ရွေးစင်ဟာ နွေရာသီ အပြောင်းအရွှေ့အပြီးမှာ ချဲလ်ဆီးမှ အီတလီသို့ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ ရာသီကြို ခြေစမ်းပွဲတွေမှာကစားခဲ့ရတဲ့ အကူအညီကြောင့် စီးရီးအေပွဲတော်တော်များများမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပူလီဆစ်သည် နယူးကာဆယ်နှင့်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းက သံသယဖြစ်ဖွယ်မရှိဘဲ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးကစားပေးထားပါတယ်။ သို့သော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပြည်တွင်းဘောလုံးလောကတွင် စွန့်စားရလွန်းပြီး ဆန်စီရိုမှာ စူပါစတားတစ်ဦးဖြစ်လာရန်အတွက် အကောင်းဆုံးလုပ်ရမယ်လို့ အကြံပြုပြောဆိုထားခြင်းတွေရှိနေပါတယ်။

ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ ဘာစီလိုနာနှင့် နယူးယော့ခ်ရက်ဘူး အသင်းတို့မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင် အွန်နရီက အကောင်းဆုံးဖြစ်လာဖို့အတွက် ပူလီဆစ် လိုအပ်တဲ့အရာများကို CBS Sports ကပြုလုပ်တဲ့ 'Kickin' It' show အသစ်မှာ ပြောကြားခဲ့ပါတယ်။

"ဖန်တီးမှုရှိတဲ့ ကစားသမားတစ်ယောက်အနေနဲ့ အမှားတွေကို လုပ်ဖို့မကြိုးစားရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ပူလီဆစ်က နိုင်ငံအသင်းမှာ ငါအမှားလုပ်မိနိုင်ကြောင်း ခံစားရတယ်လို့ ကျွန်တော် မြင်မိပါတယ်။ ကလပ်ကြီးတစ်ခုမှာ ကစားတဲ့အခါ တစ်ကြိမ်ပဲဘောလုံးထိတယ်ဆိုရင် အမှားဖြစ်ပြီး နောက်ပိုင်းမှာ ၁၅ မိနစ်လောက်ဖြစ်ရမှာပါ။ ဘောလုံးကိုထိပြီး အဆိုပါဘောလုံးက ဆုံးရှုံးသွားတဲ့အခါတိုင်း လူတွေက မှတ်မိနေကြပါလိမ့်မယ်။ လက်ရွေးစင်အသင်းမှာ သူကယုံကြည်မှုအပြည့်နဲ့ ကစားပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဖန်တီးမှုရှိတဲ့ ကစားသမားတွေဖြစ်တာကြောင့် ဂိုးသွင်းဖို့ လိုပါတယ်။ ဒါကြောင့် ဒီဘောလုံးကို မဆုံးရှုံးနိုင်ဘူးလို့ တွေးမိနေရင် ကွင်းပြင်ထွက်ပြီး ကစားစရာမလိုပါဘူး"လို့ အွန်နရီက ပြောပါတယ်။

ချဲလ်ဆီးမှာ သူ့ရဲ့ပင်ကိုယ်အရည်အသွေးပြသရန်ဖို့ ပူလီဆစ်က တားဆီးခြင်းခံခဲ့ရလိုဖြစ်ခဲ့ပြီး အီတလီတွင် မှာတော့ အဲ့ဒီလိုမဖြစ်အောင်လုပ်ဖို့ စိတ်အားထက်သန်နေမှာဖြစ်ပါတယ်။ မီလန်ဟာ စနေနေ့တွင် စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

#အေစီမီလန် #ပူလီဆစ် #အွန်နရီ