ရှေ့သို့
Image

လက်ရှိရာသီ ချဲလ်ဆီးကစားသမားတိုင်းရဲ့ သွင်းဂိုးအရေအတွက်ကို ကျော်တက်သွားပြီဖြစ်တဲ့ ပူလီဆစ်

11:14 AM, 2 October

စတာလင်နှင့် နီကိုးလက်စ်ဂျက်ဆင်တို့ကသာ ယခုရာသီ  ချဲလ်ဆီးအတွက် သွင်းဂိုးအများဆုံး ကစားသမားများဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးဟာ အနောက်လန်ကလပ်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲရဲ့ ၁ ပွဲသာ အနိုင်ရရှိထားမှုတွင် ၂ ဂိုးစီ သွင်းယူပေးထားကြပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ဂိုးရရှိရန် ရုန်းကန်နေရချိန်တွင် ပူလီဆစ်ကတော့ အေစီမီလန်တွင် အထင်ကြီးစရာ ခြေစွမ်းပြသထားပြီး ယခုရာသီတွင် အီတလီကလပ်အတွက် ၃ ဂိုး သွင်းယူထားကာ စနေနေ့က လာဇီယိုအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူထားပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်တွင် ၄ ရာသီကြာ ရှိနေခဲ့ပြီး ၁၄၅ ပွဲမှာ ၂၆ ဂိုးသွင်း ၂၁ ဂိုး ဖန်တီးပေးခဲ့တဲ့ အမေရိကန်လက်ရွေးစင် ကစားသမား ပူလီဆစ်ကို ယူရို ၂၂ သန်းဖြင့် ချဲလ်ဆီးက ရောင်းချခဲ့တာဖြစ်ပါတယ်။

အေစီမီလန်မှာ အကောင်းဆုံးစတင်နိုင်မှုအပေါ် ပူလီဆစ်က "ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုပြင်းထန်လာပြီး အနိုင်ယူနိုင်ခဲ့ပါတယ်" "ကျွန်တော် အရမ်းပျော်နေပြီး ပွဲစဉ်တစ်ပွဲပြီး တစ်ပွဲမှာ တိုးတက်လာပါတယ်။ ကျွန်တော့်မှာ ဂိုးတွေသွင်းဖို့ ပစ်မှတ်ထား ထားတာမရှိပါဘူး။ ဒါပေမယ့် ဒီနေ့လို အရေးကြီးတဲ့ ဂိုးတွေ အများကြီးသွင်းနိုင်အောင် ကြိုးစားသွားမှာပါ" "ကျွန်တော်တို့မှာ လိဂ်ဖလားကိုအနိုင်ရဖို့ အခွင့်ရေးကောင်းတွေရှိပါတယ်။ ဒါပေမယ့် ဂျီနိုအာနဲ့ပွဲကစလို့ တစ်ပွဲပြီး တစ်ပွဲ စဉ်းစားလုပ်ဆောင်သွားရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ချဲလ်ဆီး အသင်းဟာ တနင်္လာနေ့ညတွင် ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းသို့ အနောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် သွားရောက်ကစားရမှာဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုမှာ ဖိအားတွေက သိသိသာသာ များပြားနေပြီး သူ့ရဲ့ရာထူးကို ဆက်လက် ထိန်းသိမ်းရန် နောက်လာမယ့် ထိပ်တန်းပွဲစဉ် ၂ ပွဲကို အနိုင်ရရှိရမယ်လို့ အားကစားဝေဖန်သူအချို့က ထင်ကြေးပေး ပြောကြားထားပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲအပြီးနောက် ချဲလ်ဆီး အသင်းဟာ တန်းတက်ဘန်လေအသင်းနဲ့ အောက်တိုဘာ ၇ ရက်နေ့တွင် ကစားရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ပူလီဆစ် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်