ရှေ့သို့
Image

နိုင်ငံအသင်းနဲ့အတူ ပူးပေါင်းရင်း ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးလိုက်တဲ့ ပူလီဆစ်

10:22 AM, 11 October

နည်းပြ အပြောင်းအလဲများစွာနဲ့အတူ ရလဒ်ပိုင်း အားနည်းနေတဲ့ ချဲလ်ဆီးအသင်းတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် မရထားတဲ့ ပူလီဆစ်အနေဖြင့် အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေ ကလပ်အသင်းနဲ့အတူ အတိုင်းအတာတစ်ခုအထိ ခြေစွမ်းပြနိုင်ခဲ့ကာ ယခုအချိန်မှာ နိုင်ငံတကာပွဲကစားရန် အတွက် အမေရိကန်အသင်းဖော်တွေကို လှုံ့ဆော်မှုပေးလိုက်တာပဲ ဖြစ်ပါတယ်။

အေစီမီလန်အသင်းက ရာသီကြိုအပြောင်းအရွှေ့အတွင်း ခေါ်ယူရန်အတွက် ပစ်မှတ်ကစားသမားစာရင်းတွင် ခရစ်ရှန်ပူလီဆစ် ပါဝင်နေတဲ့ အကြောင်းကို နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ မက်တီယိုမော်ရီတိုက စောစီးစွာ ဖော်ပြထားခဲ့သလို မီလန်ကလပ်အသင်းအနေဖြင့် အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတွင် ရောက်ခါစဘောလုံးရာသီတွင် ခြေစွမ်းပိုင်း အထိုက်အလျာက် ကောင်းမွန်ခဲ့ပေမဲ့ နည်းပြ အပြောင်းအလဲတွေနဲ့အတူ နေရာပျောက်လာတဲ့ ပူလီဆစ် အနေဖြင့် စာချုပ်သက်တမ်း ၁နှစ်သာ ကျန်နေချိန်မှာ မီလန်ကလပ်အသင်းက အမိအရခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့အတူ ပုံစံကောင်းရနေတဲ့ ပူလီဆစ်အနေဖြင့် နိုင်ငံတကာပွဲရက်အတွင်း အမေရိကန်လက်ရွေးစင် အသင်းနဲ့အတူ အချိန်မီပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲစဉ်တွေဖြစ်တဲ့ ဂျာမနီ၊ ဂါနာအသင်းတို့နဲ့ ခြေစမ်းကစားမယ့် ပွဲစဉ်တွေအတွင်း ပါဝင်ကစားနိုင်ရန်အတွက် လက်ရွေးစင် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပြီး ပူလီဆစ်က လေ့ကျင့်ရေးကွင်းအတွင်းမှပုံကို အင်စတာဂရမ် စာမျက်နှာအထက်တွင် ‘လုပ်ထားကွ။ ငါ့ကောင်တွေ’ ဆိုတဲ့ စာသားနဲ့အတူ ပို့စ်တင်ထားတာကြောင့် နိုင်ပွဲတွေ ဆာလောင်နေဟန် အထင်းသားပေါ်လွန်နေတာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ချဲလ်ဆီး #အေစီမီလန် #ပူလီဆစ်