ရှေ့သို့
Image

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးရဲ့လေ့ကျင့်ရေးကို လွဲချော်ခဲ့ပြီး ဥရုဂွေးနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာနေတဲ့ ကက်စ်မဲရိုး

9:07 AM, 16 October

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့သည့်ကြာသပတေးနေ့က ဘရာဇီးနှင့် ဗင်နီဇွဲလားတို့ ၁-၁ ဂိုးဖြင့် သရေကျခဲ့တဲ့ပွဲရဲ့ ပွဲပြီးခါနီး ၁၁ မိနစ်အလိုမှာ ဆက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့ရပါတယ်။

သရေပွဲပြီးနောက်တွင် ဘရာဇီးအသင်းနည်းပြ ဖာနန်ဒိုဒင်နီဇ်က "ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲပေးဖို့ ကက်စ်မဲရိုးက တောင်းဆိုခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လူစားလဲမှုက ကြိုတင်သတိထားခဲ့ပုံပေါ်ပေမယ့် ရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ စနေနေ့ရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး မသက်မသာဖြစ်နေတယ်လို့ Globo Esporte က ဖော်ပြထားပါတယ်။ ကက်စ်မဲရိုးဟာ ဒုတိယပိုင်းမှာ နာကျင်မှုများစွာဖြင့် ကစားခဲ့ရပြီး ပွဲပြီးခါနီးမှာတော့ လူစားလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ လေ့ကျင့်ရေးတွင် ပါဝင်ခြင်းထက် အသင်းဟိုတယ်တွင် ကုသမှုခံယူနေပြီး ညာဘက်ခြေကျင်းဝတ် ညောင်းညာကာ ခြေဖဝါးများ ရောင်ရမ်းလာခဲ့ပါတယ်။ တနင်္ဂနွေနှင့် တနင်္လာနေ့တို့မှာ ကစားနိုင်မှု ရှိ၊ မရှိ ထပ်မံအကဲဖြတ်မှာဖြစ်သော်လည်း လက်ရှိမှာတော့ ကက်စ်မဲရိုးဟာ အင်္ဂါနေ့ ဥရုဂွေးနှင့် ရင်ဆိုင်ကစားရမယ့်ပွဲအတွက် ပါဝင်ဖို့ မသေချာနေပါဘူး။

ကက်စ်မဲရိုးရဲ့နေရာမှာ ဒီနင်ဇ်က ကစားဖို့အတွက်လုပ်နေပြီဖြစ်ပြီး ဖလူမီနီစ်က အန်ဒရီကလည်း ကစားနိုင်သလို ဖလာမင်ဂိုက ဂါဆင်ကိုလည်း ရွေးချယ်လို့ရနေတာဖြစ်ပါတယ်။ အကယ်၍ ကက်စ်မဲရိုးဟာ ဥရုဂွေးနှင့်ပွဲကို လွဲချော်ခဲ့ပါက နိုင်ငံတကာပွဲအပြီး ယူနိုက်တက်ရဲ့ ပထမဆုံးပွဲစဉ်အတွက် ကစားပေးဖို့အတွက် မသေချာနေတာဖြစ်ပါတယ်။ ဒဏ်ရာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သရဲနီတွေဟာ လာမယ့်စနေနေ့ညနေမှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားဖို့ ဘရာမယ်လန်းသို့ သွားရောက်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ဘောလုံးဒါရိုက်တာ ဂျွန်မာတက်ချ်က ကလပ်အသင်းရဲ့ ကာလရှည်ဒဏ်ရာရစာရင်း များနေတဲ့အအပေါ် စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုပြောကြားခဲ့ပြီး  ရလဒ်များဆိုးရွားနေမှုများရှိနေပြီး ရာသီအစမှာ အသင်းမှကစားသမား ၁၆ ဦး ထိခိုက်ဒဏ်ရာရခြင်း နှင့် ကာလကြာရှည်စွာ မကစားနိုင်ခြင်းတို့ ပါဝင်နေပါတယ်လို့ ပြောထားပါတယ်။

"အဲဒါက အသင်းရဲ့ သုံးပုံနှစ်ပုံဖြစ်ပြီး အဲရစ်က ဒီရာသီမှာ သူ့ရဲ့ အတောင့်တင်းဆုံး ပွဲထွက် ၁၁ ဦးကို တစ်ခါမှ မရွေးချယ်နိုင်ခဲ့တာကို ဆိုလိုတာပါ။ ကျွန်တော်တို့ရဲ့ ဒဏ်ရာရ ကစားသမားအချို့ ပြန်လည် ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရပြီး အသစ်ခေါ်ယူထားတဲ့ ဟွိုက်လန်းနဲ့ မေဆင်မောင့်တို့ အပါအဝင်ဖြစ်ပါတယ်" "အနာဂတ်မှာ ကြိုတင်ကာကွယ်မှု ပိုကောင်းအောင် လုပ်နိုင်တဲ့ ပုံစံတွေ ရှိ၊မရှိ ဒဏ်ရာတွေ ဘာကြောင့် အများကြီး ရလာရတာလဲ ဆိုတာကိုလည်း ကြည့်ရှုနေပါတယ်" "တချို့က ကိုဘီနဲ့ အာမက်တို့လို မှန်းလို့မရနိုင်တဲ့ ထိခိုက်ခဲ့တဲ့ဒဏ်ရာတွေပါ။ အခြားသူတွေက ကြွက်သားဒဏ်ရာများ ရရှိနေပြီး မနှစ်ကကမ္ဘာ့ဖလားအပါအဝင် ပြီးခဲ့သောနှစ်က ကစားခဲ့တဲ့ ပွဲစဉ် အရေအတွက်ကို သိသာစေပါတယ်" လို့ ပြောပါတယ်။

#ဘရာဇီး #ကက်စ်မဲရိုး #ဥရုဂွေး