ရှေ့သို့
Image

ယူရို ၂၀၂၄ ဝင်ခွင့်ရဖို့ အိုင်ယာလန်အနေနဲ့ ဘာကြောင့် နယ်သာလန်ကို အရေးနိမ့်ဖို့ လိုအပ်တာလဲ

8:24 AM, 17 October

လာမယ့်လမှာကစားမယ့် နယ်သာလန်နဲ့ပွဲမှာ အရေးနိမ့်ခဲ့ရင် အိုင်ယာလန်ဟာ ယူရို ၂၀၂၄ ဝင်ခွင့်အတွက် အခြေအနေကောင်းလာနိုင်တယ်လို့ သိရပါတယ်။

စတီဖင်ကန်နီရဲ့အသင်းဟာ သောကြာနေ့တုန်းက အိမ်ကွင်းမှာ ဂရိအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အုပ်စု(ဘီ)အတွင်း အိုင်ယာလန်ဟာ ၆ ပွဲမှာ ၅ ပွဲမြောက်အရေးနိမ့်ခဲ့တာဖြစ်ပြီး နယ်သာလန်နဲ့ ၆ မှတ်အကွာ ဂရိအသင်းနဲ့ ၉ မှတ်အကွာ ၊ ပြင်သစ်အသင်းနဲ့ ၁၅ မှတ်အထိ ကွာဟနေပါတယ်။

ဒီနေ့မှာ ဂျီဘရော့တာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ယူရို ၂၀၂၄ ဝင်ခွင့်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုနွေရာသီမှာ ကန်မယ့် ယူရို ၂၀၂၄ ဝင်ခွင့်က မပြီးဆုံးသေးဘူးလို့လည်း သိရပါတယ်။ ၂၀၁၈ နေးရှင်းလိဂ်ကြောင့် နိုင်ငံအသင်း ၂ သင်းဟာ ယူရို ၂၀၂၄ ဝင်ခွင့်ရနိုင်တာဖြစ်ပါတယ်။

ယူရိုခြေစစ်ပွဲအတွက် နေးရှင်းလိဂ်အကောင်းဆုံး အသင်းဟာ ယူရို ၂၀၂၄ ဝင်ခွင့်ရနိုင်တာဖြစ်ပါတယ်။ ဆိုလိုတာက နေးရှင်းလိဂ်အဆင့်မှာ အိုင်ယာလန်ထက်ပိုကောင်းတဲ့အသင်းမရှိပဲ တကယ်လို့ အခုအုပ်စုကနေ ဝင်ခွင့်မရခဲ့တောင် နေးရှင်းလိဂ်ကနေ ဝင်ခွင့်ရနိုင်တာဖြစ်ပါတယ်။

နေးရှင်းလိဂ်အဆင့်မှာ နယ်သာလန်အသင်းကသာ သူတို့ထက်ပိုကောင်းတဲ့ အသင်းအဖြစ်ရှိနေပါတယ်။ အဲ့တာက ကန်နီရဲ့အသင်းအတွက် အကျိုးရှိနိုင်တာဖြစ်ပြီး ရော်နယ်ကိုးမန်းရဲ့အသင်းက ဂရိနဲ့ပွဲမှာ အနိုင်ရပြီး ဝင်ခွင့်ရခဲ့ရင် ပိုအကျိုးရှိမှာဖြစ်ပါတယ်။

နယ်သာလန်ကိုအရေးနိမ့်ခဲ့ရင် အိုင်ယာလန်အတွက် ခြေစစ်ပွဲဝင်ခွင့်တစ်နေရာရရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအခြေအနေကောင်းကို ကန်နီအနေနဲ့ အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်နေပါတယ်။

#နယ်သာလန် #အိုင်ယာလန် ယူရို၂၀၂၄ခြေစစ်ပွဲ