ရှေ့သို့
Image

ဒါဝင်နူနက်ဇ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ ၂၂နှစ်အတွင်း ဘရာဇီးကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တဲ့ ဥရုဂွေး

9:21 AM, 18 October

ယနေနံနက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဥရုဂွေးနဲ့ ဘရာဇီးတို့ ယှဉ်ပြိုင်ကစားရာမှာ ဥရုဂွေးအသင်းက ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးကို အနိုင်ရခဲ့ပါတယ်။ နှစ်သင်းလူစာရင်းတွေထဲ နာမည်ကျော်ကစားသမားတွေ အများအပြား ပါဝင်ခဲ့ပြီး အများစုက ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကတော့ တောက်ပခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ နှစ်သင်းစလုံး အားနည်းခဲ့ပြီး နှစ်သင်းပေါင်းမှ ကန်ချက် ခြောက်ကြိမ်လောက်သာ ရှိခဲ့ပေမယ့် ဒါဝင်နူနက်ဇ်က ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၂မိနစ်မှာ ဥရုဂွေးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဒါဝင်နူနက်ဇ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဘရာဇီးအတွက် ဆုံးရှုံးမှုကြီးအဖြစ် အဓိက ကစားသမားနေရာ ဒဏ်ရာရရှိသွားခဲ့လို့ ရစ်ချာလီဆန်နဲ့ လူစားလဲခဲ့ရပါတယ်။ ရိုဒရီဂိုရဲ့ ဖရီးကစ်ကနေ ဘားထိထွက်ခဲ့ပြီးနောက် ဥရုဂွေးအတွက် အနိုင်သေချာစေမယ့်ဂိုးကို ဒါဝင်နူနက်ဇ်ရဲ့ အားထုတ်မှုကနေ ဒီလာခရုဇ်က အပိုင်ပိတ်သွင်းသွားခဲ့ပါတယ်။

ယခုရလဒ်ကြောင့် ဥရုဂွေးအသင်းဟာ ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးကို အနိုင်ရခဲ့ပြီး နည်းပြ ဘီယဲလ်ဆာလည်း မျက်နှာပန်းလှသွားခဲ့ပါတယ်။ ဘရာဇီးအသင်းကတော့ ရှစ်နစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့ရပါတယ်။

#ဘရာဇီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဥရုဂွေး #ဒါဝင်နူနက်ဇ်