ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင် ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ

10:27 AM, 18 October

ချန်ပီယံလိဂ်ဆုဖလားအပါအဝင် အဓိက ဆုဖလား ၃ လုံးကို ဆွတ်ခူးထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးအဖြစ် ၄ ကြိမ်ဆက် ချန်ပီယံဆုရယူရန် ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် လာလီဂါကလပ်အတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက ဝါရင့်တိုက်စစ်ကစာသမား လီဝန်ဒေါစကီးရဲ့ နေရာတွင် အရန်အဖြစ် အသုံးပြုနိုင်ရန် တိုက်စစ်ကစာသမား ရှာဖွေနေပြီး မန်စီးတီး အသင်းတွင် အလားအလာမြင့်မားတဲ့ ခြေစွမ်းပြသထားတဲ့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားစတား အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားမှုပြသလာတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာရန် ခန့်မှန်းပြောဆိုမှုတွေ ရှိနေတဲ့ ဘရာဇီးဆယ်ကျော်သက် ကစားသမား ဗစ်တာရိုကွီအား ခေါ်ယူထားနိုင်ခဲ့ပေမဲ့ ကစားသမားက ဇန်နဝါရီမှသာ ကတ္တလန်ခြေစိုက်ကလပ်နဲ့ တရားဝင် ပူးပေါင်းနိုင်မှာ ဖြစ်တဲ့အပြင် ခြေကျင်းဝတ်ဒဏ်ရာပါ ရနေတာကြောင့် အခြားအစားထိုးတိုက်စစ်ကစားသမား ရှာဖွေလာတာ ဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ် အနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းပြသနိုင်ခဲ့သလို ယခုနှစ်မှာ ကစားထားတဲ့ ပွဲစဉ်တွေအတွင်းမှာလည်း သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းက အယ်လ်ဗာရက်ဇ်ကိုသာ ခေါ်ယူနိုင်ခဲ့ပါက အနာဂတ်တိုက်စစ်ပိုင်းတွင် အယ်လ်ဗာရက်ဇ်၊ ဗစ်တာရိုကွီတို့ပါဝင်တဲ့ တောင်အမေရိက တိုက်စစ်အတွဲကို ပုံဖော်လာနိုင်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ရီးရဲလ်မက်ဒရစ် #အယ်လ်ဗာရက် #ပရီးမီးယားလိဂ်