ရှေ့သို့
Image

ဒိုင်တွေကို လာဘ်ပေးခဲ့တာကြောင့် အရေးယူခံခဲ့ရတဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တီ

8:26 AM, 19 October

ဘာစီလိုနာဥက္ကဌ လာပေါ်တီတစ်ယောက် ဒိုင်တွေကို လာဘ်ပေးခဲ့တာကြောင့် အရေးယူမှုနဲ့ ရင်ဆိုင်ရခဲ့ရပါတယ်။ ဒုဥက္ကဌနဲ့ဒိုင်လူကြီးဟောင်း အင်းနရစ်ထံ လာဘ်ပေးခဲ့တာကြောင့် ဘာစီလိုနာဟာ စုံစမ်းစစ်ဆေးမှုနဲ့ရင်ဆိုင်နေရပါတယ်။

အသင်းဘက်ကတော့ သူတို့ဟာ နီဂရီရာထံ ၂၀၀၁ ကနေ ၂၀၀၇ မတိုင်ခင်အထိ ငွေပေးချေခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် သတ်မှတ်ချက်က ပြီးဆုံးခဲ့တာကြာပြီဖြစ်ပါတယ်။ နီဂရီရာပိုင်ဆိုင်တဲ့ ကုမ္ပဏီထံကနေ ယူရို ၁.၆ သန်းလောက်အထိ စုစုပေါင်း ၃၃ ကြိမ်ထိ ပေးချေခဲ့တာကြောင့် ဘာစီလိုနာက စုံစမ်းစစ်ဆေးခံနေရပါတယ်။

ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးမှုတွေက ၂၀၀၈ အထိ တိုးမြှင့်ခဲ့ပြီး လာပေါ်တီ ဥက္ကဌအဖြစ် တာဝန်ယူတဲ့အချိန်က စတင်မှာဖြစ်ပါတယ်။ လာပေါ်တီနဲ့အတူ ဘာစီလိုနာဥက္ကဌ ဆန်ဒရိုရိုဆဲလ် ၊ ဘာတိုမြူ ၊ ဒါရိုက်တာဟောင်း အော်စကာ နဲ့ အဲလ်ဘတ်ဆိုလာတို့လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

တရားသူကြီး ဂျိုအာကွင်းကတော့ လာပေါ်တာတာဝန်ယူနေစဉ်အတွင်း ကြီးမားတဲ့ငွေကြေးပေးချေမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ စပိန်သတင်းဌာနတစ်ခုရဲ့အဆိုအရ အဆိုပါငွေပေးချေမှုဟာ ၂၀၁၈ မှာနောက်ဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေက ပြစ်မှုထင်ရှားခဲ့ရင် လာပေါ်တီနဲ့ အခြားတာဝန်ရှိသူဟောင်းတွေဟာ ၁၀ နှစ်လောက် ပိတ်ပင်ခံရဖွယ်ရှိနေပြီး ၂၀၀၈ နေ ၂၀၁၈ မတိုင်ခင်အထိ စုံစမ်းစစ်းဆေးမှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။

“ငွေပေးချေမှုက ၁၈ နှစ်အတွင်း ဆိုပေမယ့် တစ်နှစ်ပြီးတစ်နှစ် များပြားလာခဲ့ပါတယ်။ အဲ့တာကို အင်းနရစ်က သက်သေပြနိုင်ပါတယ်။ အင်းနရစ်ဆီကနေ စုံစမ်းစစ်ဆေးမှုအရ သူတာဝန်ယူခဲ့ဲတဲ့အချိန်အတွင်းမှာ မမှန်ကန်တာတွေရှိခဲ့တယ်လို့ သိရပါတယ်”လို့ တရားသူကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

ငွေပေးချေမှုက ကနဦးယူရို ၇ သောင်းဆိုပေမယ့် ၁၈ နှစ်အတွင်းမှာ အင်းနရစ်တစ်ယောက် CTA ကနေ မနုတ်ထွက်ခင် ယူရို ၇ သိန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။

“အကျိုးအကြောင်းသင့်တဲ့တွက်ချက်မှုတွေအရ ဘာစီလိုနာအသင်းရဲ့ ငွေပေးချေမှုတွေဟာ အသင်းဘက်က စိတ်ဝင်စားမှုအရ စိတ်ကျေနပ်စရာပါ။ ဘာစီလိုနာအသင်း အခုလိုလုပ်ခဲ့တာက တော်တော်လေးဆိုးသလို ဒိုင်တွေအားလုံး အကျင့်ပျက်ချစားသလိုဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဲ့တာက သူတို့တစ်အုပ်စုတည်းလို့ ကျွန်တော်ထင်ပါတယ်”လို့ တရားသူကြီးတစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါတယ်။ #လာလီဂါ #ဘာစီလိုနာ #လာပေါ်တီ