ရှေ့သို့
Image

ဂါနာနဲ့ ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့တဲ့ ရေနာကို ချီးကျူးစကားဆိုလိုက်တဲ့ ဘယ်လင်ဟမ်

1:48 PM, 19 October

နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရန်အတွက် အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်း ခွင့်ရထားခဲ့တဲ့ ရေနာအနေဖြင့် ဂါနာတဲ့အသင်းနဲ့ ခြေစမ်းကစားခဲ့တဲ့ပွဲစဉ်အတွင်း အမေရိကန်အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ့မွန်အသင်းမှာ အတူတကွကစားခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်စတား ဘယ်လင်ဟမ်က ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရေနာအနေဖြင့် ယခုနှစ်ဘောလုံးရာသီအစောပိုင်း ကာလများတွင်လည်း အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းပါဝင်ကစားနေစဉ်ကာလအတွင်း ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းအတွက် ကစားပေးရမယ့် ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ထားခဲ့တာလည်း ဖြစ်ပါတယ်။အမေရိကန်လက်အသင်းအနေဖြင့် ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွင် ပူလီဆစ်ရဲ့ အဖွင့်ဂိုးရခဲ့ပေမဲ့ ပွဲအပြီးမှာ ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့တွင် ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရမှာ အမေရိကန်အသင်းက နိုင်ပွဲရှာဖွေလိုက်နိုင်တာ ဖြစ်ပါတယ်။

ဂါနာအသင်းနဲ့ ခြေစမ်းကစားခဲ့တဲ့ ပွဲစဉ်အတွင်း အမေရိကန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုး တွေကို ဥရောပ အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ကပ္ပတိန်ပူလီဆစ် အပါအဝင် ဘာလိုဂန် နဲ့ ရေနာ (၂ဂိုး) တို့က အသီးသီး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးချိန်မှာ ၄ဂိုး - ၀ဂိုး ရလဒ်ဖြင့် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားနေတဲ့ ဘယ်လင်ဟမ် အနေဖြင့် ယခုနှစ်လာလီဂါပြိုင်ပွဲအပြင် ဥရောပ ပြိုင်ပွဲမှာပါ ခြေစွမ်းပြပြီး သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှုအခြေအနေကြောင့် ဒေါ့မွန်အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ထားတဲ့ ရေနာအနေဖြင့် ဒဏ်ရာမှ ပြန်လည် သက်သာလာအပြီးမှာ ခြေစွမ်းပြ ကစားနိုင်ရန် စိတ်အားထက်သန်နေပြီး ရှေ့လာမယ့် ကလပ်ပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီး အသက် ၂၀ နှစ် အရွယ် ဒေါ့မွန်စတားက ပွဲစဉ်အတွင်းမှာ ဓာတ်ပုံ ၃ ပုံနဲ့အတူ ‘နိုင်ငံတကာပွဲရက်တွေအတွင်း အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပါတယ်။

အမေရိကန်အသင်းနဲ့အတူ ဂုဏ်ယူစရာပါပဲ’ ဆိုတဲ့ စားသားကို တွဲဖက်ကာ အင်စတာဂရမ်မှာ ပို့စ်တင်ထားစဉ် ဘယ်လင်ဟမ် က ‘ခြေစွမ်းထက်နေဆဲပဲ’ ဆိုတဲ့ စားသားကို အလေးပြုဟန်အမူအရာ ကာတွန်းပုံဖြင့် တွဲဖက်ရေးသားက မှတ်ချက်ပြု ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

#ဂါနာ #ဘယ်လင်ဂမ် #ရေနာ