ရှေ့သို့
Image

ဒါဘီပွဲစဉ်မှာ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ယူသွားမယ်လို့ ပြောကြားလိုက်တဲ့ တော့တင်ဟမ်ကစားသမားဟောင်း အိုဟားရား

11:18 AM, 27 October

မန်စီးတီးဟာ ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဘရိုက်တန်နှင့် ယန်းဘွိုင်းတို့ ပွဲစဉ်တွေမှာ အနိုင်ရရှိခဲ့သလို ယူနိုက်တက်ဟာ ရာသီအစတွင် ရလဒ်များဆိုးရွားခဲ့ပြီး နောက်ဆုံး ကစားထားတဲ့ ၃ ပွဲစလုံးကို အနိုင်ရရှိထားကာ ချန်ပီယံလိဂ်ပွဲစဉ်တွင် အိုနာနာရဲ့ လက်စွမ်းပြမှုဖြင့် အနိုင်ရရှိခဲ့ပါတယ်။

"ယူနိုက်တက်အနေနဲ့ ဒီပွဲကနေ ရလဒ်ကောင်းဖို့ မမြင်နိုင်တာကြောင့် ဆိုဖာနောက်ကွယ်ကနေ ကြည့်ဖို့အတွက် ယူနိုက်တက်ပရိသတ်တွေကို အကြံပေးချင်ပါတယ်" လို့ အိုဟားရားက Grosvenor Sport သို့ ပြောကြားခဲ့ပါတယ်။ "မကြာသေးခင်ကပွဲစဉ်တွေမှာ ပဲလေ့စ်ကို ရှုံးခဲ့ပြီး ရလဒ်များဆိုးရွားခဲ့သလို ဘရန့်ဖို့ဒ်နဲ့ ရှက်ဖီးယူနိုက်တက်တို့နှင့်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်"

"မန်စီးတီးက အိုးထရက်ဖို့ဒ်သို့ လာပြီး သူတို့ကို လုံးဝပြောင်းပစ်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ မန်စီးတီးအသင်းဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ပြောင်းလဲသွားမယ်လို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး။ မန်စီးတီးက နိုင်ပွဲရရှိဖို့အတွက် အလေးအနက် ထားမယ်လို့ထင်ပါတယ်။ ယူနိုက်တက်က ခံစစ်ပိုင်း ဘယ်လောက်အားနည်းနေလဲဆိုတာကို တွေ့နိုင်ပြီး ဟာလန်းနဲ့ အယ်လ်ဗာရက်တို့ကတော့ ခြေစွမ်းပြနိုင်မှာပါ" လို့ အိုဟားရားက ပြောပါတယ်။

မကြာသေးမီနှစ်များအတွင်း မန်စီးတီးက ယူနိုက်တက်ကို လွှမ်းမိုးထားနိုင်ကာ တန်ဟက်ရဲ့ အသင်းဟာ၂၀၁၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ပြီးကတည်းက မန်စီးတီးကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ၆ ကြိမ်အထိ ရရှိထားပါတယ်။

"ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ သူတို့ရဲ့သမိုင်းကြောင်းတွေကြောင့် ဗြိတိန်မှာ ကြီးကျယ်ခမ်းနားဆုံးအသင်းတွေ ဖြစ်နေပါတယ်။ ဆုဖလားတွေ ဘယ်လောက်ရရ ဂရုစိုက်စရာမလိုပါဘူး။ ချန်ပီယံလိဂ် ၁၀ ကြိမ် ရရင်ရလိမ့်ပါမယ် ယူနိုက်တက်လောက် ကြီးမားလာမှာ မဟုတ်ပါဘူး" "သမိုင်းက အရေးကြီးပါတယ်။ နှစ်တစ်သန်းမှာ မန်စီးတီးက ယူနိုက်တက်လောက် ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ပါဘူး။ နောက်ထပ်နှစ်ပေါင်း ၄၀ ၊ ၅၀ ၊ ၁၀၀ လောက် ပိုပြီးကစားနိုင်ပါလိမ့်မယ်။ တခြားကမ္ဘာကစားမယ်ဆိုရင်တောင် ယူနိုက်တက်က မန်စီးတီးထက် ပိုကြီးမားပါလိမ့်မယ်"

"မန်စီးတီးကို ရီးရဲလ်မက်ဒရစ်နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ အမြဲတမ်း ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပါပဲ။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အချိန်ဘယ်လောက်ပဲကြာကြာ လီဗာပူးနဲ့ ယူနိုက်တက်တို့အဖြစ် အမြဲရှိနေမှာပါ။ သူတို့ဟာ ကမ္ဘာ့အကြီးဆုံးကလပ်တွေ ဖြစ်နေတုန်းပါပဲ။ မန်စီးတီးကို နိုင်ငံတစ်ခုက ပိုင်ဆိုင်ထားပြီး သူတို့မှာ ပက်ဂွါဒီယိုလာကို သူတို့ရဲ့ နည်းပြအဖြစ် ခန့်အပ်ထားပေမယ့် နောက်ဆုံးမှာ ပြောင်းလဲသွားလိမ့်မယ်လို့ ပြောပါရစေ" လို့ အိုဟားရားက ထပ်လောင်းပြောကြားထားပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ မန်ချက်စတာအခြေစိုက် ကလပ်အသင်းနှစ်သင်းဟာ တနင်္ဂနွေနေ့မှာ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အိုဟားရား #အယ်လ်ဗာရက် #ပရီးမီးယားလိဂ်