ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆုက မက်ဆီမရရင် ဘယ်အဓိပ္ပါယ်ရှိတော့မလဲလို့ဗျာလို့ ပြောလိုက်တဲ့ ဟာဇက်

9:01 AM, 30 October

ဘော်လွန်းဒီအော်ဆုအတွက် ပိုင်ရှင်အမှန်ဟာ ကမ္ဘာ့ဖလားရခဲ့တဲ့ လီယွန်နယ်မက်ဆီသာဖြစ်သင့်တယ်လို့ အီဒင်ဟာဇက်က ပြောခဲ့ပါတယ်။

မက်ဆီဟာ ယနေ့ကျင်းပမယ့် ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ဆုထပ်မံဆွတ်ခူးဦးမယ်လို့ ရေပန်းစားလျက်ရှိနေပါတယ်။

အင်တာမီယာမီတိုက်စစ်မှူးဟာ ယမန်နှစ်က အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီးနောက် ဘော်လွန်းဒီအော်ဆုကို ၈ ကြိမ်မြောက်ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပါတယ်။

ဒါပေမယ့် မက်ဆီဟာ ယမန်နှစ်ရာသီက မန်စီးတီးအသင်းနဲ့အတူ ဖလားသုံးလုံးဆွတ်ခူးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းးနဲ့ ဆုအတွက် ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဟာဇက်ကတော့ ဒီနှစ်ဘော်လွန်းဒီအော်ဆုအတွက် ထိုက်တန်သူဟာ မက်ဆီသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟာဇက်က "သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးကစားသမားက ကမ္ဘာ့ဖလားဆွတ်ခူးသွားချိန်မှာ ဘော်လွန်းဒီအော်ဆုကို သူမရရင် ဘယ်အဓိပ္ပါယ်ရှိတော့မလဲဗျာ။

အမ်ဘာပေသာ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့မယ်ဆိုရင်တေော့ သူရမှာ ၁၀၀%ပါပဲ။"လို့ ပြောခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆုပေးပွဲမှာတော့ ယနေ့ည ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

#ဟာဇက် #မက်ဆီ #ဘော်လွန်းဒီအော်