ရှေ့သို့
Image

ဟောလိုးဝင်းဝတ်စုံကို ဝတ်ဆင်ပြီး ခပ်မိုက်မိုက်အလှတရားတွေကို ချပြလာခဲ့တဲ့ မက်ဒ်လီနီရိုက်

3:01 PM, 2 November

ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးဘောလုံးကစားသမားလေး မက်ဒ်လီနီရိုက်ဟာ ယခုအခါမှာတော့ နတ်သမီး ဟောလိုးဝင်း ဝတ်စုံကိုဝတ်ဆင်ပြီး သူမရဲ့ ခပ်မိုက်မိုက် အလှတရားတွေကို ရဲရဲဝံ့ဝံ့ချပြလာခဲ့ပါတယ်။

ဟောလိုးဝင်းအတွက် ရွေးချယ်စရာဝတ်စုံတွေအများအပြားရှိနေသော်လည်း အသက်-၂၅ နှစ်အရွယ် ရိုက်ကတော့ နတ်သမီးဝတ်စုံကို ဝတ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပြီး အိပ်ရာပေါ်မှ တစ်ဆင့် နတ်သမီးဝတ်စုံနဲ့အလွန်လိုက်ဖက်ကြောင်းကို သက်သေပြခဲ့တာဖြစ်ပါတယ်။ သူမဟာ အပေါ်ပိုင်းမှာ ဘရာစီယာနဲ့ အောက်ပိုင်းမှာ ရွှေရောင်ဘောင်းဘီရှည် တစ်ထည်ကို ပေါင်းစပ်ဝတ်ဆင်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

သို့သော် ရိုက်အနေနဲ့ အဖြူရောင်တောင်ပံတွေမပါဘူးဆိုရင်တော့ နတ်သမီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူလို့ရမှာမဟုတ်ပါဘူး။ ရိုက်ဟာ အဖြူရောင်တောင်ပံ ၂ ဖက်ကို တပ်ဆင်ထားတာကြောင့် ပြီးပြည့်စုံတဲ့ နတ်သမီးအလှကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကြွကြွရွရွနတ်သမီး ဝတ်စုံနဲ့ ဝတ်စားဆင်ယင်မှုတွေကို ရိုက်ဟာ အင်စတာဂရမ်မှတစ်ဆင့် ဓာတ်ပုံတွေနဲ့ဝေမျှခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း “ကြမ်းလှချည်လား ဒါပေမယ့် မိုက်ပါတယ်”၊ “အံ့မခန်းပါပဲ”၊ “လှလိုက်တာ”၊ “ထာဝရ လှနေတာပဲ” စသဖြင့် အသီးသီးမှတ်ချက်ပြုခဲ့ကြတာ ဖြစ်ပါတယ်။  မကြာသေးမီကလည်း ရိုက်ဟာ သူမရဲ့ အတွင်းခံကိုချွတ်ချပြီး တင်ပါးအလှကို ပြသကာ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားခဲ့ပါသေးတယ်။

ဘောလုံးအားကစားမှာလည်း ထူးချွန်တဲ့ ရိုက်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အဝေးကန်ချက်နဲ့ဂိုးသွင်းပြီး ဘောလုံးပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

#gossip #မက်ဒ်လီနီရိုက်