ရှေ့သို့
Image

နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ဆွစ်ဇာလန်သို့ ထွက်ခွာလာခဲ့တဲ့ ဘောလုံးလောကရဲ့ အလှဘုရင်မ အလီရှာလီမန်

4:35 PM, 2 November

အက်စတွန်ဗီလာအမျိုးသမီးဘောလုံးအသင်းရဲ့ ကြယ်ပွင့်ကစားသမား အလီရှာလီမန်ဟာ ယခုရက်သတ္တပတ်အတွင်းမှာ နိုင်ငံအသင်းနဲ့ပူးပေါင်းဖို့  ထွက်ခွာလာစဉ်မှာ ဘောလုံးလောကရဲ့အလှဘုရင်မလို့ အမည်တပ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေကျင်းပချိန်မှာ အလီရှာဟာ ဆွစ်ဇာလန်အမျိုးသမီးဘောလုံးအသင်းအတွက် ပွဲစဉ် ၄ ပွဲအထိ ပွဲထွက်ကစားပေးခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ်ရှေ့တန်းကစားသမားဟာ အင်္ဂလန်အမျိုးသမီး ထိပ်တန်းဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်ပါတယ်။

ဆွစ်ဇာလန်တိုက်စစ်ကစားသမားဟာ ၂၀၂၁ ခုနှစ်ကတည်းက အက်စတွန်ဗီလာသို့ စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၅၆ ပွဲကစားကာ ၁၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အလီရှာဟာ ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံ့လက်ရွေးစင်အသင်းမှာ စတင်ပါဝင်ခဲ့ပြီး ကစားထားတဲ့ ၄၅ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ လီမန်ဟာ ဆိုရှယ်မီဒီယာမှာလည်း အလွန်နာမည်ကြီးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူမဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၆ သန်းခန့်အထိ ရရှိထားပါတယ်။ ယခုအခါ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပွဲစဉ် အဖြစ် ဆွီဒင်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်ခင်မှာ အလီရှာဟာ သူမရဲ့ ခပ်ကြမ်းကြမ်း အလှဓာတ်ပုံတွေကို ပရိသတ်တွေထံဝေမျှလာခဲ့ပါတယ်။ အဆိုပါပို့စ်အောက်မှာ သူမရဲ့ရည်းစားဟောင်း အက်စတွန်ဗီလာတိုက်စစ်မှူး ဒေါက်ဂလက်စ်လူးဝစ်က “တော်တော်မိုက်တဲ့ အက်စတွန်ဗီလာ နံပါတ် ၇ ပဲ” လို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ အဆိုပါမှတ်ချက်ဟာ သူတို့နှစ်ယောက်ပြန်တွဲနေပြီဆိုတဲ့ ကောလာဟလတွေကို တွန်းအားပေးလိုက်သလိုဖြစ်ခဲ့မှာတော့ အသေအချာပါပဲ။

ဒါ့အပြင် ပရိသတ်တွေကလည်း “ဘောလုံးလောကရဲ့ဘုရင်မ”၊ “အတုမရှိတဲ့ကစားသမား”၊ “ငါတော့မင်းကိုချစ်နေပြီထင်ပါတယ်”၊ “အလှဆုံးပဲ”၊ “အကောင်းဆုံးဘောလုံးသမား” စသည်ဖြင့် အသီးသီးမှတ်ချက်ပြုခဲ့ကြတာဖြစ်ပါတယ်။

#အက်စတွန်ဗီလာ #ဆွစ်ဇာလန် #gossip #အလီရှာလီမန်