ရှေ့သို့
Image

ဘောလုံးကစားနေရတဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး လွမ်းဆွတ်နေတာမျိုး မရှိတဲ့အကြောင်း ဖွင့်ပြောလိုက်တဲ့ အီဒင်ဟာဇက်

3:35 PM, 3 November

ကမ္ဘာ့ထိပ်တန်းကစားသမားအတစ်ဦးအဖြစ် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ အတူ အချိန်အတိုင်းအတာ တစ်ခုအထိ သက်သေပြအပြီးမှာ ကစားသမားဘဝ တိုးတက်ရေးအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပေမဲ့ ထင်သလို ဖြစ်မလာခဲ့တဲ့ ဟာဇက်က ကစားသမားဘဝမှ အနားယူလိုက်ပေမဲ့ ဘောလုံးကစားခြင်းကို လွတ်ဆွမ်းနေတာမျိုးမရှိတဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဟာဇက်အနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းမှာပဲ ကစားသမားဘဝမှ အနားယူမယ့်အကြောင်း တရားဝင်ကြေငြာလိုက်တာလည်း ဖြစ်ပါတယ်။ ဟာဇက်က ရီးရဲလ်မက်ဒရစ်အသင်းတွင် စာချုပ်ဖျက်သိမ်းအပြီးမှာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်းတွေအပါအဝင် ဥရောပအခြေစိုက်နာမည်ကျော် ကစားသမားတွေကို လုပ်ခနှုန်းထားမြင့်မားစွာ ပေးချေခေါ်ယူနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းအချို့က ချိတ်ဆက်ခဲ့သေးပေမဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်ဘက်က ငြင်းပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကစားသမားဘဝမှာ အနားယူချိန်တွင် အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာဇက်အတွက် အနားမယူခင်အတောအတွင်း ၄ လခန့်အထိ မေဂျာလိဂ်ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက မြင့်မားတဲ့ လုပ်ခနှုန်းထားတွေဖြင့် ဆက်တိုက်ဆိုသလို ကမ်းလှမ်းမှု ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံစူပါစတား အီဒင်ဟာဇက်အနေဖြင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ လိုင်လီ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ပွဲပေါင်း ၆၂၀ အထိ ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ကြိမ်၊ လာလီဂါ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ လီဂူးဝမ်းဆုဖလား တို့ကို ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘောလုံးလောကနေ အနားယူလိုက်အပြီးမှာ မြက်ခင်းပြင်အထက်မှ အချိန်တွေကို လွမ်းနေတာမျိုး မရှိတဲ့အကြောင်းနဲ့ ပတ်သက်လို့ အသက် ၃၂ နှစ်အရွယ် ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်က“အခုအချိန်မှာတော့ ကျွန်တော့်မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ ကျွန်တော်ကတော့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဘောလုံးကစားရတာနဲ့ ပက်သက်ပြီး လွမ်းဆွတ်နေတာမျိုးမရှိပါဘူး။ အနားယူလိုက်တယ်ဆိုပေမဲ့ ဘောလုံးလောကနေပါ စွန့်ခွာလိုက်တာမျိုးမဟုတ်ဘဲ လအနည်းငယ်ထပ်စောင့်ကြည့်တာပေါ့။ မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်း အခုလည်း ပဲရစ်မြို့ကို ရောက်လာခဲ့တာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဟာဇက်