ရှေ့သို့
Image

ကက်စ်မဲရိုးအတွက် မှတ်ချက်အပေါ် တန်ဟက်အား သဘောမကျဖြစ်နေတဲ့ ယူနိုက်တက် အသင်းသားများ

2:55 PM, 4 November

ပြီးခဲ့တဲ့လက ကက်စ်မဲရိုးနှင့်ပတ်သက်ပြီး တန်ဟက်ရဲ့မှတ်ချက်တွေအပေါ် ယူနိုက်တက် ကစားသမားအများအပြားက သဘောမကျဖြစ်ခဲ့ပြီး မကြာသေးမီက ဆုံးဖြတ်ချက်တွေအတွက်လည်း အံ့ဩခဲ့ကြရပါတယ်။ မန်စီးတီးနှင့် နယူးကာဆယ်တို့ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နယ်သာလန်သားနည်းပြအတွက် ဖိအားများ မြင့်တက်လာခဲ့ပြီး ယူနိုက်တက်ဟာ ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံတွင် ၈ ပွဲအထိ ရှုံးထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရာထူးအတွက် အလားအလာရှိတဲ့ အစားထိုးမှုများရှိတယ်လို့ ပြောနေကြသော်လည်း ကလပ်အသင်းရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်တစ်ခုတွင် အဆိုပါသတင်းများဟာ လုံးဝအမှားဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။ ယခုအချိန်တွင် ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် သိသိသာသာ မငြိမ်သက်မှုများ ရှိနေပုံရပြီး ဆန်ချိုနှင့် မက်ဂွါရီတို့အပေါ် တန်ဟက်ရဲ့ ဆက်ဆံပုံများကို အချို့တော့ ကစားသမားတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

ကစားသမားနှစ်ဦးစလုံးဟာ တန်ဟက်ရဲ့ ပထမအသင်း အစီအစဥ်များနှင့်အလှမ်းဝေးနေခဲ့ပြီး သဘောထားကွဲလွဲမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ The Athleticရဲ့ အဆိုအရ ကက်စ်မဲရိုအား ဘရန်ဖို့ဒ်နှင့်ပွဲမှာ အစားထိုးရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မကြာသေးမီက ပေးခဲ့တဲ့ မှတ်ချက်များကြောင့် အသင်းနှင့် အဆင်မပြေဖြစ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအစမှာကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ဘရာဇီးဟာ လူစားလဲခြင်းခံခဲ့ရကာ ပွဲအပြီးမှာ အင်တာဗျူးမှာ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တန်ဟက်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

ကက်စ်မဲရိုးကို ဘာကြောင့် လူစားလဲလိုက်တာလဲလို့မေးရာတွင် နည်းပြက "ကျွန်တော် ဘောလုံးပိုင်ဆိုင်မှု ပိုလိုချင်ပါတယ်။ ဘောလုံးကို ဆွဲယူလာဖို့၊ ဘောလုံးဖြန့်ဝေဖို့၊ ချိတ်ဆက်ကစားဖို့အတွက် ကျွန်တော်က အဲရစ်ဆင်ကို ထည့်လိုက်တာပါ" လို့ ပြောပါတယ်။

ကက်စ်မဲရိုဟာ ဘရန့်ဖို့ဒ်နှင့် ပထမပိုင်းတွင် ခြေစွမ်းမကောင်းမွန်ဘူးဆိုတာ သံသယဖြစ်ဖွယ်မရှိသော်လည်း သူဟာ ယူနိုက်တက် စီနီယာကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အဝတ်လဲခန်းမှာလည်း အားလုံးရဲ့ သဘောကျခြင်းကို ခံနေရသူဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၅ ကြိမ်ရရှိထားတဲ့ ဘရာဇီးသားအကြောင်းကို ပြောခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် တန်ဟက်ဟာ အသင်းရှိကစားသမားတွေရဲ့ မလိုလားခြင်းကိုခံနေရပါတယ်။

ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အပြုသဘောဆောင်တဲ့ရလဒ်ကို ယူဆောင်လာသူအဖြစ် ရှုမြင်ခဲ့သော်လည်း အဆိုပါ ပြင်းထန်မှုဟာ ကလပ်တွင် ပိုမိုစည်းကမ်းရှိတဲ့ပုံစံကို လိုချင်တာကြောင့်ဖြစ်ကာ ယခုအချိန်မှာတော့ ပြဿနာအဖြစ် ရှုမြင်ခြင်းခံနေရပါတယ်။ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုက အားလုံးကို အံအားသင့်စေခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က ကစားခဲ့တဲ့ ဒါဘီပွဲမှာ ဗာရာနီထက် အီဗန်ကို ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယေဘူယျအားဖြင့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း နောက်တန်းတွင်ရှိနေချိန်မှာ ပိုမိုတောင့်တင်းတဲ့ ခံစစ်စ်တစ်ခုဖြစ်သော်လည်း တန်ဟက်ကတော့ အသက် ၃၅ နှစ်အရွယ် အီဗန်ထည့်သွင်းရခြင်းဟာ နည်းဗျူဟာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ အိုးထရက်ဖို့ဒ်တွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တန်ဟက်ရဲ့ နည်းဗျူဟာနဲ့ ကစားသမားရွေးချယ်မှုက မှားယွင်းခဲ့တယ်ဆိုတာက ပြီးတော့ပေါ်လွင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်