ရှေ့သို့
Image

အုပ်စုတက်ရေးအတွက် အရေးပါတဲ့ ပီအက်စ်ဂျီကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ပူလီဆစ်

11:22 AM, 8 November

ချဲလ်ဆီးအသင်းတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်မရထားတဲ့ ပူလီဆစ်အနေဖြင့် အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ စီးရီးအေ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနိုင်နေခဲ့ပြီး အုပ်စုတက်ရေးအတွက် အရေးပါတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာကြောင့် အခြားကစားသမားတစ်ဦးနဲ့ လူစားလဲလှယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အေစီမီလန်အသင်းက ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန်အတွက် ပစ်မှတ်ထားနေတဲ့ကစားသမား စာရင်းတွင် ခရစ်ရှန်ပူလီဆစ်ပါဝင်နေတဲ့ အကြောင်းကို နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ မက်တီယိုမော်ရီတိုက စောစီးစွာ ဖော်ပြထားခဲ့သလို မီလန်ကလပ်အသင်းနေဖြင့် အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွင် ရောက်ခါစဘောလုံးရာသီတွင် ခြေစွမ်းပိုင်း အထိုက်အလျာက် ကောင်းမွန်ခဲ့ပေမဲ့ နည်းပြ အပြောင်းအလဲတွေနဲ့အတူ နေရာပျောက်လာတဲ့ ပူလီဆစ်အနေဖြင့် စာချုပ်သက်တမ်းက ၁နှစ်သာ ကျန်နေချိန်မှာ စီးရီးအေကလပ်ကို ပြောင်းရွှေ့ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ပူလီဆစ်ရဲ့ အေစီမီလန်အသင်းက ပီအက်စ်ဂျီအသင်းကို ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရလိုက်တာကြောင့် အုပ်စုတက်ရေးအတွက် အရေးသာလာခဲ့တာဖြစ်ပြီး စီးရီးအေပြိုင်ပွဲအတွင်းမှာလည်း ၁၁ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၇ ပွဲနဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းထားတာ ဖြစ်ပါတယ်။ ပွဲကစားချိန် နှောင်းပိုင်းတွင် လူစားလဲလိုက်ရတဲ့ ပူလီဆစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပက်သက်လို့ အေစီမီလန်အသင်းဘက်က ‘ကစားသမားက ကြွက်တက်သွားတာတယ် ထင်ပါတယ်။ တစ်ခုရှိတာက အရင်ဒဏ်ရာဟောင်းနေရာကဖြစ်နေလို့ စစ်ဆေးမှု ထပ်မံပြုလုပ်သွားရပါဦးမယ်’ ဆိုပြီး မှတ်ချက်ပြုထားတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အေစီမီလန် #ပီအက်စ်ဂျီ #ပူလီဆစ် #ချန်ပီယံလိဂ်