ရှေ့သို့
Image

သူ့ရဲ့မျိုးဆက်အတွင်း အကြီးကျယ်ဆုံး ကစားသမား ၃ ဦးကိုရွေးချယ်ပေးလိုက်တဲ့ ကက်စ်မဲရိုး

12:27 PM, 9 November

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်သို့ မပြောင်းရွှေမီ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်တွင် ကမ္ဘာ့ထိပ်တန်းကစားသမားအချို့နှင့် အတူ ၁၀ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို၊ ဘန်ဇီးမား၊ ရာမို့စ်နှင့် လူကာမိုဒရစ်တို့ဟာ ဘာနေဗျူးရှိ ကက်စ်မဲရိုးရဲ့ အသင်းဖော်တွေဖြစ်ကြပါတယ်။ သူဟာ ၂၀၁၄- ၁၅ ရာသီတွင် ပေါ်တိုတွင် အငှားသွားရောက်ကစားခဲ့သလို အဲ့ဒီအချိန်ကာလက အဆိုပါအသင်းတွင် ဒယ်နီလို၊ ကွာရက်စ်မာ၊ လူငယ်ကစားသမားဖြစ်တဲ့ နေးဗက်စ်တို့နှင့်အတူ ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၇၅ ပွဲကစားပေးထားပြီး နေမာ၊ ကော်တင်ဟို၊ ဖာမီနို၊ သီယာဂိုဆေးလ်ဗားတို့နှင့်အတူ အသင်းကြီးအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်သို့ ငွေကြေးကြီးကြီးမားမားဖြင့် ပြောင်းရွှေ့လာတာကြောင့် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဗာရာနီ၊ ရော်နယ်ဒိုတို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ပေါ်တူဂီသားကတော့ ကွင်းလယ်ကစားသမား ရောက်ရှိလာပြီး သိပ်မကြာခင်မှာပဲ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ကက်စ်မဲရိုးရဲ့ မျိုးဆက်မှာ အကြီးကျယ်ဆုံး ကစားသမား သုံးဦးက ဘယ်သူတွေလဲ။ သူဟာ ရော်နယ်ဒိုနဲ့အတူ လက်ရွေးစင်အသင်းဖော် နေမာ၊ ဘာစီလိုနာက ပြိုင်ဘက်ဟောင်း လီယွန်နယ်မက်ဆီတို့ကို ရွေးချယ်ခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းက ဘရာဇီးမဂ္ဂဇင်း Placar နှင့် အင်တာဗျူးတစ်ခုတွင် သူ့ရဲ့ရွေးချယ်မှုများကို ကက်စ်မဲရိုးက ရှင်းပြခဲ့ပါတယ်။

"ကျွန်တော့်မျိုးဆက်ရဲ့ အကြီးကျယ်ဆုံးကစားသမား သုံးဦးဖြစ်တဲ့ မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နေမာတို့ကို တွေ့ရတာ ၀မ်းသာမိပါတယ်" "လီယွန်နယ်မက်ဆီဟာ သူ့ရဲ့အမှတ်တံဆိပ်ကို အကောင်းဆုံးလုပ်ခဲ့တာကိုတော့ ငြင်းလို့မရပါဘူး။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတို့မှာဆိုရင် သူက အမြဲတမ်းပြိုင်ဘက်ပါပဲ။ အဲ့ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိပါဘူး" "ဒါပေမယ့် ဘောလုံးကို ကြိုက်တဲ့သူတွေက မက်ဆီကို နှစ်သက်ကြပါတယ်။ သူနဲ့ ကစားရတာ ကြည်နူးစရာပါပဲ။ သူက မှတ်ချက်ပေးစရာ မလိုတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ကို ချီးကျူးဖို့ပဲ လိုတာပါ" "ကျွန်တော် ရော်နယ်ဒို(နာဇာရီယို) ကိုတွေ့ဖူးပါတယ်။ ဇီဒန်းကိုလည်း ကျွန်တော် မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီသုံးဦးကတော့ ကျွန်တော့်ရဲ့မျိုးဆက်မှာ အကောင်းဆုံးပါပဲ" "ကျွန်တော် ခရစ္စတီယာနိုနဲ့ ယှဉ်ပြိုင်ပြီး မကစားဖူးပါဘူး။ အဲ့ဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော့်ကို ဆုဖလားတွေ၊ အောင်ပွဲတွေ အများကြီးပေးခဲ့ပါတယ်" လို့ ကက်စ်မဲရိုးက ပြောပါတယ်။

သတင်းတွေအရ ကက်စ်မဲရိုးရဲ့ အဆိုးရွားဆုံးသော အကြောက်တရားက လက်ရှိရာသီပြီးဆုံးချိန်မှာ အမှန်တကယ်ဖြစ်လာတော့မှာပါ။ ဇန်န၀ါရီလမှာ ဘရာဇီးကစားသမားကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားနေပြီး အယ်လ်နာဆာကလွဲလို့ တခြားကလပ်တစ်ခုကို ပြောင်းရွှေ့မယ်ဆိုရင် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ 90minက ဖော်ပြထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ကက်စ်မဲရိုး #ပရီးမီးယားလိဂ်