ရှေ့သို့
Image

ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့အား ဆက်ထိန်းထားချင်တဲ့အကြောင်း ပြောဆိုလိုက်တဲ့ အားကစားဒါရိုက်တာ ဒေကို

3:37 PM, 14 November

ချန်ပီယံဆုကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ အလာဗက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အပြီးမှာ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုက အပြီးခေါ်ယူရန် ကြံ့ကြာနေပေမဲ့ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့အား ဆက်ထိန်းထားချင်တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့အပတ် အလာဗက်စ်အသင်းနဲ့ ပွဲစဉ်တွင် လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုနဲ့အတူ ခက်ခက်ခဲခဲ အဖိုးတန် အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လာမယ့် နိုင်ငံတကာပွဲရက်အပြီးမှာ ဗယ်လီကာနိုအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု ကာကွယ်နိုင်ရေးအပြင် ဥရောပအဆင့်မှာပါ အောင်မြင်ရယူနိုင်ရေးအတွက် တည်ဆောက်နေတဲ့ ဘာစီလိုနာအသင်းက မန်စီးတီးအသင်းနဲ့ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် အသင်းတို့ရဲ့ ပေါ်တူဂီစတားတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့နှစ်ဦးအား ပြီးခဲ့တဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ အချိန်မီ အငှားခေါ်ယူထားလိုက်နိုင်တာ ဖြစ်ပါတယ်။

ကတ္တလန်ခြေစိုက်ကလပ်အသင်းနဲ့အတူ အဆိုပါ ကစားသမား ၂ဦးက အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းပြသနိုင်ခဲ့တာကြောင့် ဘာစီလိုနာ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတွေဖြစ်လာချိန်မှာ ဘာစီလိုနာအကြီးအကဲတွေဘက်က လာမယ့် ရာသီအတွက်ပါ ဆက်ထိန်းရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီစတားတွေဖြစ်တဲ့ ဖီးလစ်နဲ့ ကန်ဆယ်လိုတို့အား လာမယ့် ဘောလုံးရာသီအတွက် ဆက်ထိန်းထားလိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေကိုက “ကျွန်တော်တို့အသင်း အနေနဲ့ လာမယ့်ရာသီအတွက်ပါ အစီအစဉ်တွေ ချမှတ်ထားပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကစားသမား စာရင်းမှာ အဓိက ကစားသမားနှစ်ဦးရှိနေပါသေးတယ်။ သူတို့က ဂျာအိုဖီးလစ်နဲ့ ဂျာအိုကန်ဆယ်လိုပါ။ အရေးကြီးတဲ့ ကစားသမားဖြစ်တာကြောင့် ဆက်လက်ထိန်းချင်ပါတယ်”လို့ အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #အလာဗက်စ် #ကန်ဆယ်လို #ဖီးလစ် #ဒေကို