ရှေ့သို့
Image

ဒဏ်ရာကြောင့် ပေါ်တူဂီလက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်လိုက်တဲ့ မာသီးယက်စ်နူနက်စ်

4:33 PM, 16 November

မန်စီးတီးကွင်းလယ်လူ မာသီးယက်စ်နူနက်စ်က ဒဏ်ရာပြဿနာကြုံတွေ့နေရလို့ ပေါ်တူဂီ လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပြီး အခုနိုဝင်ဘာနိုင်ငံတကာသီတင်းပတ်ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်နှစ်ပွဲကို လွဲချော်ရပါလိမ့်မယ်။ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့အသင်းက လက်ချင်စတိန်း၊ အိုက်စလန်တို့နဲ့ရင်ဆိုင်ရမယ့် ယူရိုခြေစစ်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “စစ်ဆေးစမ်းသပ်မှုတွေအပြီးမှာ မာသီးယက်စ်နူနက်စ်ဟာ လက်ချင်စတိန်း၊ အိုက်စလန်တို့နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်နှစ်ခုအတွက် ဆေးပညာရှုထောင့်အရ သင့်တော်မှုမရှိဘူးလို့ ကြေညာလိုက်ပါတယ်။ ကစားသမားအနေဖြင့် ကျန်အသင်းဖော်တွေနဲ့အတူ ဇူးရစ်မြို့ဆီ လိုက်ပါလာဖို့ မရှိပါဘူး”လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဝုဗ်မှ မန်စီးတီးဆီ ရောက်ရှိလာတဲ့ ကွင်းလယ်လူဟာ အခုရာသီ၊ မန်ချက်စတာအခြေစိုက်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစား၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပေမယ့် သွင်းဂိုးမရရှိသေးသလို ဂွါဒီယိုလာရဲ့ပွဲထွက်ကစားသမားစာရင်းအပေါ် အကျိုးသက်ရောက်မှုတစုံတရာ မပြသထားနိုင်ပါဘူး။

သူ့ကို ပေါ်တူဂီလက်ရွေးစင် အသင်းက ခေါ်ယူလိုက်ချိန်မှာ စပိန်သားနည်းပြရဲ့အာရုံကို စွဲဆောင်နိုင်ဖို့ အလွန်ကြီးမားတဲ့အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့ပေမယ့် ကြွက်သားဒဏ်ရာကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ရပါတော့မယ်။

#မန်စီးတီး #ပေါ်တူဂီ #နူနက်စ်