ရှေ့သို့
Image

လစ်ချ်တင်စတိန်းကို အနိုင်ရရှိခဲ့ပြီးနောက် ဆက်လက်ပြီး အာရုံစိုက်ရမယ်လို့ ပြောကြားလိုက်တဲ့ ရော်နယ်ဒို

2:33 PM, 18 November

၉ ပွဲဆက်နိုင်ပွဲအဖြစ် လစ်ချ်တန်စတိန်းကို အနိုင်ယူပြီးနောက် ပေါ်တူဂီအသင်းဖော်များထံ ရော်နယ်ဒိုက သတင်းစကားပေးပို့လိုက်ပါတယ်။


ရော်နယ်ဒိုနဲ့ ကန်ဆယ်လိုတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ပေါ်တူဂီဟာ လစ်ချ်တင်စတိန်းကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရောဘတ်တိုမာတီနက်ဇ်ရဲ့အသင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးခန့်က ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် မော်ရိုကိုနှင့် ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၉ ပွဲစလုံးတွင် နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။ သို့သော်လည်း ရော်နယ်ဒိုက သူ့ရဲ့အသင်းဖော်တွေကို ဆက်လက်အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။


ရော်နယ်ဒိုက "၉ ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ကျွန်တော်တို့ အာရုံစိုက်နေကြပါတယ်" လို့ရေးသားကာ  Instagram တွင် အဆိုပါပွဲမှ ဓာတ်ပုံများနှင့်အတူ ပို့စ်တင်ခဲ့ပါတယ်။ လာမယ့်နွေရာသီ ဂျာမနီမှာကစားမယ့် ဥရောပချန်ပီယံရှစ်ပွဲအတွက် ပေါ်တူဂီဟာ ပြီးခဲ့တဲ့လကတည်းက ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။


ရော်နယ်ဒိုနဲ့ သူ့ရဲ့အသင်းဖော်တွေဟာ ကစားအားမချခဲ့ဘဲ အသင်းရဲ့ခြေစစ်ပွဲ ၉ ပွဲတွင် ၃၄ ဂိုး သွင်းယူကာ ပေးဂိုး ၂ ဂိုးသာ ရှိခဲ့ပါတယ်။ ဇန်န၀ါရီလက ဖာနန်ဒိုဆန်းတို့စ်နေရာတွင် အစားဝင်ရောက်ခဲ့တဲ့ မာတီနက်ဇ်က သူ့ရဲ့ရာထူးသစ်မှာ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။


ပေါ်တူဂီအသင်းဟာ တနင်္ဂနွေနေ့မှာ အိုက်စလန်နှင့် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲတွင် ၁၀၀% နိုင်ပွဲစံချိန်နဲ့ အပြီးသတ်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ သူ့ရဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


#ပေါ်တူဂီ #ရော်နယ်ဒို