ရှေ့သို့
Image

မက်ဆီကို ဖားတဲ့သူလို့ ဒီပေါလ်ကို စွပ်စွဲလိုက်တဲ့ ဥရုဂွေးကွင်းလယ်လူ ယူဂါတီ

2:40 PM, 18 November

ကြာသပတေးညတုန်းက အာဂျင်တီးနားအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဒီပေါလ်ရဲ့လုပ်ရပ်ကို ဥရုဂွေးကွင်းလယ်လူ ယူဂါတီက ဝေဖန်လိုက်ပါတယ်။ 


အဆိုပါဖြစ်ရပ်ဟာ ပထမပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ယူဂါတီက ဒီပေါလ်ရဲ့လုပ်ရပ်ဟာ မက်ဆီကိုဖားတဲ့လုပ်ရပ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ မက်ဆီတစ်ယောက် ဥရုဂွေးစတား အိုလီဗီးယားရဲ့လည်ပင်းကို လက်နဲ့ညှစ်ခဲ့ပြီးနောက် ဒီပေါလ်ကလည်း ဒေါသတကြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 


ဥရုဂွေးအသင်းအတွက်ဂိုးတွေကို အာရူဂျို ၊ ဒါဝင်နူနက်ဇ်တို့က သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအတွက် ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီးနောက် ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီက ပြိုင်ဘက်ကို ဂုဏ်ပြုချင်စိတ် မရှိခဲ့သလို ဥရုဂွေးကစားသမားတွေကို လေးစားမှုရှိဖို့ ပြောကြားခဲ့ပါတယ်။


ဘီယဲလ်ဆာရဲ့အသင်းကတော့ ပြိုင်ဘက်အာဂျင်တီးနားအသင်းစိတ်ပျက်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ “ဒီလိုပွဲမျိုးတွေက အမြဲတမ်း ဒီလိုပုံစံဖြစ်တတ်ပါတယ်။ ကျွန်တော်ဘာတွေးနေလဲဆိုတာ ကျွန်တော် မပြောချင်ပါဘူး။ လူငယ်တွေအနေနဲ့ အကြီးတွေကို လေးစားမှုရှိဖု့ိ သင်ယူရပါဦးမယ်။ ဒီလိုပွဲတွေက အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ဒါပေမယ့် လေးစားမှုရှိဖို့တော့ လိုပါတ်ယ်။ သူတို့ အဲ့တာကိုအနည်းငယ်သင်ယူရပါဦးမယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ 


အာဂျင်တီးနားအတွက်တော့ အခုရှုံးပွဲက ၂၀၁၆ တုန်းက ပါရာဂွေးအသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားဟာ ၁၉၇၇ တုန်းက ဂျာမနီကို ခြေစမ်းပွဲမှာ ၃-၁ နဲ့ အရေးနိမ့်ပြီးကတည်းက ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် တောင်အမေရိကဇုန်မှာ ၅ ပွဲကစားပြီး ၁၂ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။


အခုနိုင်ပွဲကြောင့် ဘီယဲလ်ဆာရဲ့အသင်းဟာ ၁၀ မှတ်နဲ့ အဆင့် ၂ နေရာကို တက်ရောက်လာနိုင်ခဲ့ပြီး အာဂျင်တီးနားက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဘရာဇီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မက်ဆီ #ဥရုဂွေး #ဒီပေါလ် #ယူဂါတီ