ရှေ့သို့
Image

ဒါဝင်နူနက်ဇ်ကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတစ်ဦးအဖြစ် ချီးကျူးပြောဆိုလိုက်တဲ့ လူးဝစ်ဆွာရက်ဇ်

10:48 AM, 23 November

ဘိုလီဗီးယားအား ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ နူနက်ဇ်က ၂ ဂိုးသွင်းယူခဲ့ပြီး တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင် ဥရုဂွေးအား အာဂျင်တီးနားရဲ့နောက် ဒုတိယနေရာဖြင့် ရပ်တည်နိုင်စေခဲ့ပါတယ်။

နူနက်ဇ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က အာဂျင်တီးနားအား ၂-၀ ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် ဥရုဂွေးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး နှစ်ပွဲစလုံးမှာ ဆွာရက်ဇ်က လီဗာပူးတိုက်စစ်မှုးအစား ဒုတိယပိုင်းမှာ လူစားဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဇန်န၀ါရီလတွင် အသက် ၃၇ နှစ်ပြည့်မယ့် ဆွာရက်ဇ်က ဥရုဂွေးအတွက် သူ့ရဲ့တာဝန်တွေလျော့ပါးသွားတဲ့အပေါ် အရမ်းကိုပျော်ရွင်နေပြီး  သူဟာ ကမ္ဘာ့အကောင်းဆုံးနံပါတ် ၉ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ နူနက်ဇ်ရဲ့ အရန်ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က အရမ်းပျော်ဖို့ ကောင်းတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဘာမဆို ကူညီဖို့ ကြိုးစားနေပါတယ်" "ဒီနေ့ ကျွန်တော့်ရှေ့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တွေထဲက တစ်ဦးရှိနေပါတယ်။ အဲ့ဒါက နူနက်ဇ်ပါပဲ" "သူ့ရဲ့ကစားပုံကောင်းမွန်မှုကြောင့် အသင်းက သူ့ကို လိုအပ်နေပြီး ကျွန်တော်လုပ်ရမယ့် တစ်ခုတည်းသောအရာက လုပ်စရာရှိတာကိုသာ ပံ့ပိုးလုပ်ဆောင်ပြီး သူလုပ်ဆောင်နေတဲ့အပေါ် ချီးကျူးဂုဏ်ပြုပါတယ်"လို့ ဆွာရက်ဇ်က ပြောပါတယ်။

သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲမှ တစ်ဦးဖြစ်ကြောင်း ဆွာရက်ဇ်ရဲ့ ပြောဆိုမှုနှင့်ပတ်သက်၍ နူနက်ဇ်က "သူက ကျွန်တော့်ကို ချီးကျူးနေတာကြားရတာ အရမ်းပျော်ပါတယ်" "ကျွန်တော့်အတွက် အကောင်းဆုံး တိုက်စစ်မှုးကတော့ သူပါပဲ။ သူက ကျွန်တော်တို့နဲ့ အတူရှိတဲ့အချိန်တွေမှာ  သူ့ကို ချီးကျူးရမှာဖြစ်ပါတယ်" "သူဟာ ဥရုဂွေးသမိုင်းမှာ အကောင်းဆုံး နံပါတ် ၉ တွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ကို ချီးကျူးဖို့လိုပါတယ်" လို့ ပြောပါတယ်။

#အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဆွာရက်ဇ် #ဥရုဂွေး #ဒါဝင်နူနက်ဇ်