ရှေ့သို့
Image

နိုင်ငံတကာပွဲစဉ်တွေလွဲချော်အပြီးမှာအေစီမီလန်အသင်းနဲ့အတူလေ့ကျင့်ရေးပြုလုပ်နေတဲ့ ပူလီဆစ်

3:45 PM, 26 November

ချဲလ်ဆီးအသင်းတွင်ကြံ့ခိုင်မှုအခြေအနေကြောင့်ပုံမှန်ပွဲထွက်ကစားခွင့်မရထားတဲ့ပူလီဆစ်အနေဖြင့်အေစီမီလန်အသင်းကိုပြောင်းရွှေ့ခဲ့အပြီးမှာစီးရီးအေကလပ်အသင်းနဲ့အတူခြေစွမ်းပြကစားနိုင်နေခဲ့ပြီးပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွင်ရခဲ့တဲ့ဒဏ်ရာကြောင့် နိုင်ငံတကာပွဲရက်အတွင်းလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိပေမဲ့ မီလန်ကလပ်အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေတာပဲဖြစ်ပါတယ်။


အေစီမီလန်အသင်းကရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းခေါ်ယူရန်အတွက်ပစ်မှတ်ထားနေတဲ့ကစားသမားစာရင်းတွင်ခရစ်ရှန်ပူလီဆစ်ပါဝင်နေတဲ့အကြောင်းကိုနာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့မက်တီယိုမော်ရီတိုကစောစီးစွာဖော်ပြထားခဲ့သလိုမီလန်ကလပ်အသင်းနေဖြင့် အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွင်ရောက်ခါစဘောလုံးရာသီတွင်ခြေစွမ်းပိုင်းအထိုက်အလျာက်ကောင်းမွန်ခဲ့ပေမဲ့နည်းပြအပြောင်းအလဲတွေနဲ့အတူနေရာပျောက်လာတဲ့ပူလီဆစ်အနေဖြင့်စာချူပ်သက်တမ်းက၁နှစ်သာကျန်နေချိန်မှာစီးရီးအေကလပ်ကိုပြောင်းရွှေ့ကစားခဲ့တာလည်းဖြစ်ပါတယ်။


ပူလီဆစ်ရဲ့ အေစီမီလန်အသင်းကပီအက်စ်ဂျီအသင်းကို ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရလိုက်တာကြောင့် အုပ်စုတက်ရေးအတွက် အရေးသာလာခဲ့တာဖြစ်ပြီးစီးရီးအေပြိုင်ပွဲအတွင်းမှာလည်း ၁၂ပွဲကစားပြီးချိန်တွင် နိုင်ပွဲ၈ပွဲနဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာအထိတက်လှမ်းထားတာဖြစ်ပါတယ်။ နိုင်ငံတကာနားရက်အပြီးဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့ အကြောင်းပရိတ်သတ်တွေအားအသိပေးတဲ့အနေဖြင့် အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့တဲ့ ပူလီဆစ်အနေဖြင့် မီလန်ကပ်အသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေဖြစ်တဲ့ ဖီအိုရင်တီးနားအသင်း၊ ဒေါ့မွန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်များတွင် ပွဲထွက်ကစားသမားတစ်ဦးအဖြစ် ပါဝင်လာနိုင်တာပဲဖြစ်ပါတယ်။

#စီးရီးအေ #အေစီမီလန် #ပူလီဆစ်